Pages

Wednesday, June 24, 2009

ဒေါ်အောင်ဆန်းစုကြည် အမှုရက်ရွှေ့ဆိုင်းရဦးမည်။ (ခေတ်ပြိုင်ဂျာနယ်)...

ဒေါ်အောင်ဆန်းစုကြည်တို့အား ရုံးတင်စစ်ဆေးနေသည့် အင်းစိန်အထူးတရားရုံး၏ သောကြာနေ့တရားခွင်ကို ရွှေ့ဆိုင်းရဦးမည်ဖြစ်သည်။

ဗဟိုတရားရုံးချုပ်သို့ တင်ပြထားသော သက်သေထွက်ဆိုခွင့်အယူခံအတွက် နှစ်ဘက်ရှေ့နေများ၏ လျှောက်လဲ ချက်ကို ယနေ့ကြားနာခဲ့ပြီး တရားရုံးက စီရင်ချက်မချမှတ်သေးသဖြင့် အင်းစိန်တရားခွင် ရုံးချိန်းမှာ အလိုအလျောက် ရွှေ့ဆိုင်းပေးရလိမ့်မည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

“ဒီနေ့ကတော့ နှစ်ဘက်ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကိုပဲ ကြားနာသွားပါတယ်။ အစိုးရဘက်က ရှေ့နေတွေ တင်ပြသွားတဲ့ အချက်နှစ်ခုရှိပါတယ်။ အဲဒါက ဦးတင်ဦးဟာ နေအိမ် အကျယ်ချုပ်ချခံ ထားရတဲ့ အတွက် သက်သေ ထွက်ခွင့်မရှိပါဘူးတဲ့။ နောက် ဦးဝင်းတင်ကိုလည်း ပြည်ပမီဒီယာများကို အင်တာဗျူးများ ပေးနေခြင်းကြောင့် အစိုးရကို ဝေဖန်နေသဖြင့် သက်သေထွက်ခွင့် မပြုထိုက်ပါဘူးဆိုတဲ့ သဘောမျိုးတွေ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်း က တရားခွင် လျှောက်လဲချက်များကို ရှင်းပြသည်။အပြည့်အစုံသို့။...။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။