Pages

Wednesday, June 17, 2009

မျောက်မင်းမိုက်။(Link)

မြင့်မိုရ်မည် မျောက်မြို့မှာ
မောက်မာ မာန်မဲ မျောက်မိုက် မင်းမူ
မျောက်မူးမတ်၊ မျောက်မောင်းမ၊
မျောက်မြေး၊ မျောက်မြစ်၊
မျောက်မျိုးများ မြောက်မြောက်များ..။

မျောက်မင်းမိုက် မြော်မြင်မှုမဲ့
မည်းမည်းမြင် မိုက်မာန်မဲ
မောက်မောက်မာ မိန့်မှတ်
မှားမှားမှန် မူးမူးမိုက်
မျောက်မွဲများ မုန်းမာန်မြင့်မား..။

မျောက်များမှာ မျှော်မှန်း
မျောက်မင်းမြတ် မင်းမူမှ
မျောက်များ မြန်မြန် မြင့်
မျောက်မျိုး မြန်မြန် မြတ်
မျောက်မိမြေ မိုးမျှော်မည်..။

မျောက်မွဲများ မုန်းမာန်
မျောက်မင်းမိုက် မူးမေ့
မီးမွှေး မျောက် မီးမွှေး
မီးမှုတ် မျောက် မီးမှုတ်
မီးမြှိုက် မျောက် မီးမြှိုက်
မျောက်များမာန် မာန်များမြောက်
မင်းမိုက် မီးမျို..။


(ကိုရင်နော်)

(ကိုရင်နော် ခင်လေးငယ် ဘလော့ click) ထဲက ကဗျာလေး ယူလာပါတယ်။ ကြိုက်လွန်းလို့ပါ။ တွေးစရာတွေ ပါလာပါတယ်။ မ နဲ့စတဲ့ နိုင်ငံက မျောက်မင်းတွေ မှုးမတ်တွေ မူမမှန်တာ၊မိုက်ကန်းတာ။ မိုးကြိုးပစ်မှာ မြွေကိုက်မှာ မြေမျိုမှာကို မြင်မိတယ်။...။

1 comment:

  1. အနှစ်အရသာ ပြည့်ဝတဲ့ ကဗျာကောင်းလေး
    ဝေမျှတာ ကျေးဇူးတင်တယ် ကိုဒီမိုဝေယံရေ
    အားပေးတယ်ဗျိုးး

    တိမ်တမာန်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။