Pages

Monday, June 29, 2009

ဒေါ်အောင်ဆန်းစုကြည် သက်သေ ၂ဦး ဖြစ်တဲ့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး နဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် တို့၏ အယူခံ ဗဟိုတရားရုံးမှ ပယ်ချ။....။


ဒေါ်အောင်ဆန်းစုကြည် သက်သေ ၂ဦး ဖြစ်တဲ့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး နဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် တို့၏ အယူခံကို ယနေ့ ဗဟိုတရားရုံးမှ ပယ်ချလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောပါတယ်။ " အန်ကယ်တို့ ဒီနေ့ မနက်၁၀ နာရီက ဗဟိုတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်သေနှစ်ဦး အမှုကို ပယ်ကြောင်းသိရပါတယ်။ ဘာဖြစ်လို့ ပယ်တယ် ဆိုတာတော့ စာရွက်ထွက်မလာသေးပါဘူး "။ ထိုကြောင့် လာမည့် သောကြာနေ့ မူလအင်းစိန် တရားရုံးမှာ ဒေါ်ခင်မိုးမိုး တဦးတည်းသာ သက်သေထွက်ဆိုခွင့် ရမှာဖြစ်ပါတယ်။


သတင်း။....။ဒီမိုဝေယံ.......

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။