Pages

Friday, July 17, 2009

ယတြာတွေချေပြီး မန်းမှုတ်နေပြီ။(ကုသိုလ် ၁ပဲ ငရဲ ၁၀ပိဿာ)။...။




















အကြီးချဲ့ကြည့်ရန် ပုံကိုနှိပ်ပါ။

ဝါဆိုလပြည့်နေ့ ဗိုလ်ချုပ်သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင် ယတြာ ပန်းစေတီ အလှူ။

ဓာတ်ပုံ....
မဇ္ဈိမသတင်းဋ္ဌာနမှ ရယူပါသည်။



ကျွန်တော်လေးစားရတဲ့ ကဗျာဆရာ
ကိုကောင်းကင်ကိုရဲ့ အငိုဒုက္ခတိုင်းပြည် ဆိုတဲ့ ကဗျာထဲက စာပိုဒ်လေးပါ။

ယတြာတွေချေပြီး မန်းမှုတ်နေပြီ။
သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။
အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။
လူမဆန်စွာ ကြမ်းကြုတ်နေပြီ။
ဖြုတ်ဦးနှောက်တွေနဲ့ ..အရမ်း..လုပ်နေပြီ။
အပြည့်အစုံပြန်ဖတ်ချင်ရင်....ကောင်းကင်ကို

နောက်ဆက်တွဲ.....လှူထားတဲ့ ပန်းတွေက သစ္စာပန်းနဲ့ ဂန္ဓာမာပန်းတွေ ဖြစ်ပါတယ်။ သစ္စာပန်းဟာ သောကြာနံ ဗိုလ်ချုပ်သန်းရွှေ အတွက်ဖြစ်ပြီး ဂန္ဓာမာပန်းကတော့ တနင်္လာနံ ဒေါ်ကြိုင်ကြိုင် အတွက်ဖြစ်ပါတယ်။ "သုခ" ဆိုတဲ့ သောကြာ၊တနင်္လာနံကို ရည်ရွယ်ပြီး ယတြာချေ လှူဒါန်းပေမယ့်၊ ရည်ရွယ်ချက်နဲ့ စေတနာ မမှန်လေတော့ "သောက" ဆိုတဲ့ သောကြာ၊တနင်္လာနံ တန်ပြန် အကျိုးပေးပြီး မကြာခင်မှာ "သင်းချိုင်း"ဆိုတဲ့ သောကြာ၊တနင်္လာနံ ဒက်ထိ အကျိုးပေးတော့မှာ ဖြစ်ပါကြောင်း။

.................ခဏနေဦးဗျ မပြီးသေးဘူး ဗိုလ်ချုပ်သန်းရွှေက သောကြာနံ မြောက်ကိုရီးယား ခေါင်းဆောင်ကလည်း ကမ်ဂျုံအီးဆိုတော့ တနင်္လာနံ ဆိုတော့ လက်နက်ဖိုးငွေတွေ ပြန်ရအောင် ယတြာချေတာ လည်းဖြစ်နိုင်တယ်။ ဓာတ်ပုံတပုံမှာ သစ္စာပန်းတွေ က အပေါ်မှာဗျ။

.............. ဘာပဲဖြစ်ဖြစ် မကောင်းတဲ့ စေတနာ အကျိုးကြောင့် "သင်းချိုင်း"ဆိုတဲ့ သောကြာ၊တနင်္လာနံ ဒက်ထိ အကျိုးပေးရင်လည်း နိဗ္ဗာန်ယာဉ် အတွက် ကိုကျော်သူတို့ အဖွဲ့ စီစဉ် ပေးပါလိမ့်မယ်။ ဟိုက်.....ကိုကျော်သူက တနင်္လာ၊သောကြာဗျို့ ကက်ကင်းကျတယ် ဒါဆိုရင်တော့ အားလုံးမျှော်လင့် နေတဲ့ရက် မကြာခင် ရောက်တော့မှာ သေချာပြီ ဖြစ်ပါကြောင်း.....။

ဒီမိုဝေယံ........


No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။