Pages

Sunday, July 19, 2009

ဓနုတ်စေတီ စောင့်နတ် တမ်းချင်း။












ဓနုတ်စေတီစောင့်နတ်တမ်းချင်း။ ...။


ယုတ်မာ ပတ်စက်

သွေးစွန်း လက်ဖြင့်

ဆက်ကပ် ပူဇော်

စိန်ဖူး တော်အား

ငါကား ငြိုငြင်

မလို ချင်ကာ

နာကြည်း စွာဖြင့်

ခန္ဓာ ခြွေချ

မြေမှာ ခကြောင်း

တသောင်း စင်္ကြာ

သိစေ ရာတည်း။....။

ကဗျာရှင်....ကိုစိုး(နာဂစကီ)

မှတ်ချက်။...။ဓနုတ်စေတီ စောင့်နတ် အိပ်မက်ပေးလို့ အခုမှ ဒီကဗျာကို ထည့်ဖြစ်တာ မဟုတ်ပါဘူး။ ကျွန်တော့် အကိုကြီးတယောက်လို ခင်မင်ရတဲ့ ကိုစိုး(နာဂစကီ) ဆီက သူရေးစပ်ပြီး မသုံးဖြစ်တဲ့ လေးလုံးစပ် ကဗျာလေးကို အတင်းတောင်း ယူလာပြီး ဖော်ပြလိုက်တာပါ။ အရင်ကဗျာလေးတွေ ကိုလည်းအောက်မှာ ဖော်ပြ လိုက်ပါတယ်။..။
မိစ္ဆာသွားလမ်း။....။

တို့ကိုး ကွယ်ရာ

မြတ်သံဃာကို

လွန်စွာရက်စက်

သတ်ဖြတ်ရက်သည့်

မျိုးဖျက်မိစ္ဆာ

လူယုတ်မာတို့

လားရာဂတိ

အဝီစိတည်း။....။

ကိုစိုး(နာဂစကီ)
အလင်းအိမ်စာစောင်


ဟန်ဆောင်မျိုးချစ် မင်ဆိုးမင်းညစ်။...။

မုသားသစ္စာ

လှည့်ပတ်ခါဖြင့်

လိမ်ညာကြွေးဟစ်

တိုင်းပြည်ချစ်ယောင်

သရုပ်ဆောင်ကာ

ကိုယ်ကျိုးရှာ၍

စစ်အာဏာပြ

မာန်မာနနှင့်

အတ္တမျိုးချစ်

မင်းဆိုးညစ်ကို

အမြစ်မကျန်

ဒို့တွန်းလှန်အံ့။....။

ကိုစိုး(နာဂစကီ)
အလင်းအိမ်စာစောင်

ဖော်ပြခွင့်ပြုတဲ့ ကိုစိုး(နာဂစကီ)အားကျေးဇူး အထူးတင်ပါသည်။



No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။