၂၄ရက်နေ့မှာ အပြီးသတ် လျှောက်လဲချက် ပေးရန်အတွက် အပြီးသတ် လျှောက်လဲချက် နောက်ဆုံး အချောကို ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည် မှအတည်ပြုပေးရမှာ ဖြစ်တဲ့ အတွက် မနက်ဖြန် ၂၂ရက်နေ့၌ တွေ့ဆုံခွင့် ပေးရန် တောင်းဆိုချက်ကို လွန်ခဲ့တဲ့ နာရီပိုင်းက တွေ့ခွင့်မပြုနိုင်ကြောင်း အကြောင်း ပြန်ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
"ဒီနေ့ မနက်ဖြန်၂၂ရက်နေ့မှာ အပြီးသတ် လျှောက်လဲချက် နောက်ဆုံး အချောကို ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည် မှအတည်ပြုပေးရမှာ ဖြစ်တယ်။ မနက်ဖြန် တွေ့ခွင့်တောင်းတာကို အကျဉ်းဦးစီးဋ္ဌာနက ပြီးခဲ့တဲ့ ၁နာရီလောက်က ခွင့်မပြုနိုင်ဘူးလို့ အကြောင်းပြန်လာတယ်။ အဲဒီ့အတွက်ကြောင့် လာမည့် ၂၄ရက်နေ့ နောက်ဆုံး လျှောက်လဲချက်ဟာ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည် တရားဝင် အတည်ပြုရခြင်း မရှိတဲ့ လျှောက်လဲချက်ကို ပေးရမှာဖြစ်နေတယ်။ ဒါဟာဘာကို ဆိုလိုသလဲဆိုတော့ ဥပဒေအရ ခုခံပိုင်ခွင့် အပြည့်အဝ မရှိဘူး၊ကန့်သတ်တဲ့ အဓိပ္ပါယ် ဖြစ်နေတယ်။"ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

သတင်း.......ဒီမိုဝေယံ။.....။
No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။