Pages

Monday, August 10, 2009

ကမ္ဘာမကြေတေး။





















ကမ္ဘာမကြေတေး


အနှစ်(၂၀) ကြာပေမယ့်
မကျက်နိုင်သေးတဲ့ဒဏ်ရာ
သွေးပြန်ထွက်လာပေါ့..

အာဏာနဲ့လက်နက်ကတော့
ဗီဇအတိုင်း ရက်စက်မှာပဲ
သွေးစွန်းသွားတဲ့ သင်္ကန်းတွေ
မျက်ရည်နဲ့ပဲ လျှော်နေကြတော့မလား..

ယမ်းနံ့သွေးနံ့တွေ ညှီဟောက်နေတဲ့ကြားက
အနှစ် (၂၀) သန္ဓေသား ရအောင်မွေးဖွားမယ်..

ကဲ...
သိုဝှက်သိမ်းဆည်းထားသမျှဆန္ဒတွေ..
ဖေါက်ခွဲပစ်ကြတော့
ငါတို့ ရင်ထဲ.. ဓါးမြှောင်တစ်လက်ရှိနေတာ...
ကမ္ဘာ ကသိတယ်..။

လင်းလင်းလတ် (တိုကျို)



No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။