Pages

Friday, August 14, 2009

ကုလသမဂ္ဂ လုံခြုံ‌ရေးကောင်စီ ထုတ်ပြန်ကြေငြာချက်။..။

မြန်‌မာ့ဒီမိုက‌ရေစီ ‌ခေါင်း‌‌ဆောင်‌ ‌ဒေါ်‌‌အောင်‌ဆန်းစုကြည်‌နဲ့နိုင်‌ငံ‌ရေး အကျဉ်းသား‌တွေ အားလုံးကို အမြန်‌ဆုံး ပြန်‌လွ‌တ်‌‌ပေးဖို့ စစ်‌အစိုးရကို ကုလသမဂ္ဂ လုံခြုံ‌ရေးကောင်စီက ‌တောင်းဆိုလိုက်‌ပါတယ်‌။ မြန်‌မာ့ဒီမိုက‌ရေစီ ‌ခေါင်း‌‌ဆောင်‌ ‌ဒေါ်‌‌အောင်‌ဆန်းစုကြည်‌အ‌ပေါ်‌အပြစ်ရှိကြောင်းချမှတ်လိုက်တဲ့ တရားရုံး စီရင်‌ချက်‌နဲ့ဒီစီရင် ချက်ကြောင့် ဖြစ်‌‌ပေါ်‌လာတဲ့ နိုင်‌ငံ‌ရေးသက်‌‌ရောက်‌မှု‌တွေ ကို လုံခြုံ‌ရေး‌ကောင်‌စီအဖွဲ့ဝင်‌‌တွေက ‌အ‌လေးအနက်‌‌ စိုးရိမ်‌‌ကြောင်း ‌ဒီက‌နေ့‌ကြေညာချက်‌ ထုတ်ြ‌ပန်‌လိုက်‌ပါတယ်‌။ကုလသမဂ္ဂ လုံခြုံ‌ရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်‌ငံက တညီတညွတ်‌ထဲ ‌ထောက်‌ခံအတည်‌ပြုထားတဲ့ ဒီ‌ကြေညာချက်‌ထဲမှာ ဒေါ်‌‌အောင်‌ဆန်းစုကြည်‌နဲ့ တကွနိုင်‌ငံ‌ရေး ပါတီ‌တွေ လူမျိုးစု အဖွဲ့အစည်း‌တွေနဲ့ အတူ စစ်‌မှန်‌တဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်‌ဖို့ စစ်‌အစိုးရကို တိုက်‌တွန်း ထားပါတယ်‌။ ဒီ‌ကြေညာချက်‌ကိုလုံခြုံ‌ရေးကောင်စီရဲ့ လက်‌ရှိ အလှည့်‌ကျ ဥက္ကဌဗြိတိသျှသံအမတ်‌ John Sawers က သတင်း‌ထောက်‌‌တွေကို ဖတ်‌ပြခဲ့ပြီး နအဖ အစိုးရကို အမြဲ‌တမ်း အကာအကွယ်‌‌ပေး‌နေတဲ့ လုံခြုံ‌ရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်‌ တရုတ်‌နဲ့ ရုရှား တို့ရဲ့သ‌ဘောတူညီချက်‌ ရ‌အောင်‌ ‌ရေးထားတဲ့ လုံခြုံ‌ရေးကောင်စီရဲ့ ‌ဒီကြေငြာချက်ဟာ ထင်‌ထားသ‌လောက်‌ ပြင်းထန်မူမရှိတာကိုတွေ့ရပါတယ်။ကြေငြာချက်မူရင်းကို ဤနေရာတွင်သွားရောက်ကြည့်ရှုနိုင်ပါသည်။

http://picasaweb.google.com/lh/photo/Awul_eQfXpTKiAAt4V8D8Q?feat=directlink

(free myanmar)မှ....

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။