Pages

Friday, August 21, 2009

သွေးကြောင်ရင်ဘေးရှောင်နေလိုက်။...။


သွေးကြောင်ရင်ဘေးရှောင်နေလိုက်

အာဇာနည်ပီသသည့်သင့်ရဲ့ သွေး
သတ္တိသွေးရဲရဲမွေးလော့
ဒီတခါနွှဲမဲ့သပိတ်
နောက်ဆုံးပိတ်မို့ 
သင့်ရဲ့ သွေး နီမနီ
အာဇာနည် ပီမပီ
ဒို့ သိချင်ပြီ။
သင့်သွေးမနီလို့ အာဇာနည်မပီသရင်
ဝါကျင့်ကျင့်သင့်သွေးရောင်
သွေးကြောင်ရင်
ဘေးရှောင်နေလိုက်
သင်လိုလူမိုက် ဒို့ နဲ့ မလိုက်လဲ
ဒို့ ကတော့
ဒို့ သံဃာတွေအတွက်
ဒို့ ကျောင်းသားတွေအတွက်
ဒို့ ပြည်သူတွေအတွက်
ဒို့ သွေးတွေပေးကာစပ်
ဒို့ အသက်တွေပါ ထွက်ပါစေ
ဒို့ ဘဝကိုပေးကာဝေမည်
အာဇာနည်ပီသသူတို့ ရဲ့ သွေး
ရဲရဲနီသည် ရဲရဲမွေးသည်
လိုက်ရဲတဲ့သူ လိုက်ကြလော့။……..။


မင်းသုည(ကွမ်းခြံကုန်း)


Mail ထဲပေးပို့လာတဲ့ ဆရာတော် အရှင်ဣဿရိယ အားကျေးဇူး အထူးတင်ပါသည်။...။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။