Pages

Sunday, August 30, 2009

NLD ဗဟိုလူငယ်အဖွဲ့မှ ကိုနိုင်ငံလင်း ပြန်လည်လွတ်မြောက်လာ။...။


ပြီးခဲ့တဲ့ ဇွန်လ ၂၆ရက်နေ့က တာမွေ အင်တာနက် ဆိုင်မှာဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရတဲ့ NLD ဗဟိုလူငယ်အဖွဲ့ဝင် ကိုနိုင်ငံလင်းနဲ့ ကိုကျော်ကျော်တို့ ၂ဦးအနက် ကိုနိုင်ငံလင်းဟာ သောကြာနေ့က ပြန်လည်လွတ်မြောက် လာပါတယ်။ ကိုကျော်ကျော် ကိုတော့ဆက်လက် ထိန်းသိမ်းထားတယ်လို့ သိရှိရပါတယ်။ ဖမ်းဆီးခံရစဉ်က မည်သည့် အကြောင်းကြောင့် မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင် သွားကြောင်းမသိရှိရတဲ့ အတွက်ကြောင့် မိဘများ စိတ်ပူပန်ခဲ့ရပါတယ်။

စစ်အာဏာရှင်ခေတ် မြန်မာပြည်မှာ အင်တာနက်သုံးစွဲ၍ နိုင်ငံရေးသတင်းများ ကြည့်ရှုခွင့်ကို တင်းကြပ်စွာ ပိတ်ပင်ထားပြီး Bangan Cybernet မှတဆင့် နိုင်ငံရေးသတင်းဆိုဒ်များ ကြည့်ရှုသူများအား ထောက်လှမ်းဖမ်းဆီးခြင်း ၊အင်တာနက်ကဖီးဆိုင်များတွင် ဆိုင်ရှင်များမှ ကြည့်ရှုနေသူများ တွေ့ရှိရပါက အကြောင်းကြားစေခြင်း စသည့်တင်းကြပ်မှု များဖြင့်ထိန်းချုပ်ထားပြီး၊ ကမ္ဘာ့ပေါ်ရှိ အင်တာနက်သုံးစွဲမှု အတင်းကြပ်ဆုံးနိုင်ငံများ စာရင်းတွင်လည်း ထိပ်ဆုံးမှပါဝင်ပါသည်။

NLD လူငယ်အဖွဲ့ဝင်များဟာ မကြာခဏ ပုဒ်မမျိုးစုံတပ်ကာ အဖမ်းခံရပြီး မတရားဖမ်းဆီး ထောင်ချခြင်းကို ခံရပါတယ်။ ပြီခဲ့သည့် ဇွန်လ (၁၂) ရက်နေ့  ညက ဖမ်းဆီးခံရတဲ့ ဗဟန်းမြို့နယ်မှ NLD လူငယ် ၃ဦးအား ဖောက်ခွဲမှု ပုဒ်မတပ်ပြီး ယခုထက်တိုင် ဖမ်းဆီးထိန်းသိမ်း ခံနေရပါတယ်။

ဒီမိုဝေယံ

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။