Pages

Friday, September 18, 2009

၁၇ ၇က်နေ့ညရသတင်းများ။...။


NLD လူငယ်များ အဖမ်းခံရပြန်။..။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မရန်းကုန်းမြို့နယ် မှလူငယ် အဖွဲ့ဝင်လေးဦး မနေ့ကညနေက အဖမ်းခံရကြောင်း အဖွဲချုပ်ပြောခွင့်ရ ပုဂ္ဂိုလ်ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

.. မနေ့ညနေက မရန်းကုန်းမြို့နယ် လူငယ်အဖွဲ့ဝင် အမျိုးသား ၃ဦးနဲ့ အမျိုးသမီး ၁ဦး အဖမ်းခံရပါတယ်..။ ညနေကပါ...ကိုမင်းအောင်၊ ကိုသီဟဇော် ၊ကိုကျော်ဝင်းနိုင် နဲ့ မမြင့်မြင့်အေးတို့ဖြစ်တယ်။ မမြင့်မြင့်အေးကတော့ မနေ့ညပိုင်းက ပြန်လွတ်လာပါပြီ....။ လူငယ်၃ယောက်နဲ့ ပတ်သတ်မှု မရှိလို့ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။.. ကျန်တဲ့ လူငယ်၃ဦးကတော့ ဘာအမှုနဲ့ ဘယ်မှာဖမ်းထားတယ် ဆိုတာတော့ မသိရှိရသေးပါဘူး...။

အကျဉ်းသား ၇၁၁၄ ဦးပြန်လွှတ် နိုင်ငံရေးအကျဉ်းသားပါမပါ မသိရသေး။..။

ဆက်လက်ပြီး ...ဒီနေ့ည ၈နာရီသတင်းမှာ အကျဉ်းသား ၇၁၁၄ဦး ပြန်လွှတ်တယ်လို့ ကြေငြာသွားပါတယ်။ အခုအချိန်အထိတော့ (ည ၁၀နာရီကျော်) နိုင်ငံရေးအကျဉ်းသားတွေ ဆက်သွယ်လာတာတော့ မရှိသေးပါဘူး.....ဟု အဖွဲချုပ်ပြောခွင့်ရ ပုဂ္ဂိုလ်ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ရန်ကုန်မြို့၆ နေရာ၌ ဗုံးပေါက်။...။

ရန်ကုန်မြို့၆ နေရာမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း ကြားသိရပါတယ်။ လှိုင်သာယာ ၊ရွှေပေါက်ကံ နဲ့ မင်္ဂလာဒုံ မြို့နယ်တို့မှာ ဖြစ်ပြီးထိခိုက်ဒဏ်ရာရတာ မရှိကြောင်းသိရှိရပါတယ်။

သတင်း....ဒီမိုဝေယံ
18sep,2009


No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။