Pages

Sunday, September 20, 2009

သံဃာ့မေတ္တာ ။...။


သံဃာ့မေတ္တာ


မိစ္စာမျိုးဆက်

အာဏာမက်ခါ

ကိုယ်ကျိုးရှာ၍

လွန်စွာရက်စက်

ဆိုးသွမ်းချက်ကြောင့်

တိုင်းပျက်ပြည်ကြွေ

အခက်ပွေသည်

ရွှေမြေမြန်တိုင်း

ကြမ္မာရိုင်းကာ

မုန်းတိုင်းကြီးလည်း ကျခဲ့ပြီ။

တိုင်းပြည်ဆင်းရဲ

ဒကာမွဲသည့်

ကြပ်တည်းဘဝ

လွတ်မြောက်ရအောင်

ရွှေဝါရောင်ဟု

ကံဆောင်ဆန္ဒ

ထုတ်ဖော်ပြသည်

သံဃာ့မေတ္တာ

ဂရုဏာကို

ရင်မှာလေးစား

ဦးထိပ်ထားလော့


၂နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေးကြီးအတွက် ဂုဏ်ပြုရေးဖွဲ့ပါသည်။...။

ကိုစိုး(နာဂါစကီ)


ပေးပို့လာသူ ကိုစိုး(နာဂါစကီ)အား ကျေးဇူးတင်ပါသည်။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။