Pages

Thursday, October 29, 2009

လူစာရင်းဝင်ဖို့လူဆိုသည်မှာ။....။



လူစာရင်းဝင်ဖို့လူဆိုသည်မှာ

အတ္ထံ နတ္ထံဇာနာတီတိ မနုေဿာ

အကြောင်းအကျိုးဤနှစ်မျိုးကို

သေချာစီစစ် လူဟုဖြစ်တဲ့

ပြီးတော့…..

တလူလူမြင့်တက်သည့် သစ်ပင်

တလူလူလွင်နေသည့် အလံ

တလူလူရဲ့ အဓိပ္ပါယ်က

မြင့်တက်လှုပ်ရှားနေခြင်းမို့

တလူလူမှ လူလူ၊ လူလူမှ လူဟု

ပြောင်းသည့်အတွက်

လူရဲ့အနက်ဟာ အသိဥာဏ်တွေ

တလူလူ ရှင်သန်ထက်မြက်နေရမယ်

သစ်ပင်လို အရပ်မြင့်တက်

တလူလူတက်လာတာကို လူလို့ခေါ်ရင်

မင်း….ဆင်နဲ့ယှဉ်မလား

ပညာမတိုး အသားတွေတိုးတက်

တလူလူတက်လာတာကို လူလို့ခေါ်ရင်

မင်း…၀က်နဲ့ယှဉ်မလား….

မင်းမှာ..ပညာဆိုတာ ဗလာနတ္ထိ

လူမှုရေးဆိုတာ ဘာမှန်းမသိ.

အမျိုးသားရေးဆိုတာ ဘာမှမရှိ

အရှက်နှင့်အကြောက်ဆို ချိုနဲ့လား

မေထုန်မှီအိပ်စား..ဤသုံးပါးကလွဲရင်

အရာအားလုံး မင်းမှာနတ္ထိ

ယှဉ်ကြည့်ရင် မင်းနဲ့နွား ဘယ်လိုခွဲခြားမလဲ

လူ…ဟုခေါ်တွင် လူစာရင်းဝင်ချင်ရင်

မင်းရဲ့အသိဥာဏ်ပညာတွေ

တလူလူရှင်သန်ထက်မြတ်နေရမယ်။

ပြီးတော့…အပျင်းနဲ့ အဖျင်းကိုပယ်ရှား

တက်သိအောင် တကယ်ကြိုးစား

ပြီးရင်….လူမှုရေး၊ ဘာသာရေး၊နိုင်ငံရေး

အမျိုးသားရေး အလေးပေးဆောင်ရွက်

မင်းရဲ့အသိဥာဏ်နဲ့စိတ်ဓါတ်

တလူလူ ထက်မြတ်ပြီဆိုရင်

မင်းကို……လူဟုခေါ်တွင်

လူ..စာရင်းဝင်ပြီမို့ လရေးနှစ်ချောင်းငင်..လူ

သူတော်စင်..လူလို့ ပီပီသသ ခေါ်လိုက်မယ်။

မင်းသုည(ကွမ်းခြံကုန်း) ဗုဒ္ဓတက္ကသိုလ်

ပေးပို့လာသူ မင်းသုည(ကွမ်းခြံကုန်း)

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။