Pages

Sunday, October 11, 2009

မတရားဖမ်းဆီး အကျဉ်းချထားသည့် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ ဓာတ်ပုံမှတ်တမ်း(၁).။....။(ဂျပန်နိုင်ငံ)



"ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် ပထမ" "ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် အဓိက" ဟူသော ဆောင်ပုဒ်ဖြင့် ဂျပန်နိုင်ငံရောက် ဒီမိုကရေစီအရေးလှုပ်ရှားသူ မြန်မာလူမျိုးများ၊ မြန်မာ့ဒီမိုကရေစီအရေး စိတ်ဝင်စားသူ ဂျပန်လူမျိုးများ စုစုပေါင်း အင်အား(၃၅၀)ခန့်က ယနေ့ညနေ (၅)နာရီတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ Otsuka ပန်းခြံမှ Ikebukuro ပန်းခြံအထိ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဂျပန်နိုင်ငံတွင် ခတ္တရောက်ရှိနေသော NCUB နှင့် FTUB အထွေထွေအတွင်းရေးမှုး ဦးမောင်မောင်မှ အဖွင့်အမှာ စကားပြောကြားပြီး အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက အမှာစကားများပြောကြားကြပါတယ်။ ယနေ့ချီတက်ဆန္ဒပြပွဲကို ကြွေးကြော်သံများတိုင်ကာ ဂျပန်နိုင်ငံ၏ လူစည်ကားရာ Ikebukuro မြို့ကိုဖြတ်သန်းပြီး ဂျပန်ပြည်သူများအား ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်နိုင်ငံအကြောင်း ရေးသားထားသည့် စာရွက်စာတမ်းများကို ဝေငှခဲ့ပါတယ်။ ဆန္ဒပြပွဲ အခမ်းအနားကို ညနေ(၆)နာရီ တွင် Ikebukuro ပန်းခြံတွင် ကြွေးကြော်သံများတိုင်ကာ အောင်မြင်စွာရုတ်သိမ်းခဲ့ပါတယ်။...။

ဓာတ်ပုံ၊သတင်း.....ဒီမိုဝေယံ။...။

1 comment:

  1. အမေ့သားOctober 11, 2009 at 8:56 PM

    ဂျပန်နိုင်ငံရောက် မြန်မာတွေရဲ့ အမျိုးသားရေး လှုပ်ရှားမှုက အတုယူစရာပါပဲ..
    လေးစားမိပါတယ်..

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။