Pages

Sunday, October 4, 2009

ရာဇဝင်ရိုင်း ဖွတ်သမိုင်း။....။(ကိုစိုး နာဂါစကီ)


ရာဇဝင်ရိုင်း ဖွတ်သမိုင်း

ငါ့အားဖွားမြင်

မြတ်မိခင်ကို

ငါလျှင်လွန်စွာ

တွေ့ချင်ပါလျှက်

တွေ့ရန်ခက်ခဲ့။

ဇနီမယား

သမီးသားကို

ငါကားလွန်စွာ

တွေ့ချင်ပါလျှက်

တွေ့ရန်ခက်ခဲ့။

တအူထုံဆင်း

တူကြီးပြင်းသည့်

မောင်ရင်းနှမ

လွန်ချစ်လှစွာ

တွေ့ချင်ပါလျှက်

တွေ့ရန်ခက်ခဲ့။

ငါမွေးဖွားရာ

ငါ့တိုင်းရွာကို

လွန်စွာချစ်ခင်

ငါပြန်ချင်လျှက်

အပြန်ခက်ခဲ့

ဘယ်အတွက်နည်း။

ဖွတ်မိကျောင်းဖြစ်

အနှီမြစ်မှာ

ဘယ်သောခါမှ

ချမ်းသာမရှိ

ပုံထင်သိကြ

အမိပြည်ရွာ

မြန်တိုင်းဋ္ဌာတွင်

အာဏာရှင်ဆက်

လွန်ရက်စက်စွာ

ကိုယ်ကျိုးရှာသည့်

ရာဇဝင်ရိုင်း

ဖွတ်သမိုင်းကြောင့်

ငါ့တိုင်းပြည်ရွာ

ပြန်ချင်ပါလျှက်

အပြန်ခက်ခဲ့။....။

ကိုစိုး(နာဂါစကီ)

ပေးပို့လာသူ ကဗျာရှင် ကိုစိုး(နာဂါစကီ)

ဖွတ်က မိကျောင်းဖြစ်လာလို့ မြစ်စိတ်မချမ်းသာ ဖြစ်ရသလို ကိုယ့်တိုင်းပြည် မပြန်နိုင်ပဲ မိတကွဲ၊ ဖတကွဲ ၊သားတကွဲ၊ မယားတကွဲ ဘဝတွေက လွတ်မြောက်ရအောင် ဖွတ်ကိုမီးမြိုက် ကြပါစို့။...။

ဒီမိုဝေယံ


1 comment:

  1. အိမ်အပြန်မှာ သံလွင်ခတ်ကို ကိုက်ချီလာတဲ့ ဂျိုးဖြူငှက်တစ်ကောင်လို
    ငြိမ်းချမ်းစွာ အပြန်လမ်းအတွက်
    ခယောင်းတောတစ်အုပ်ကို ခုတ်သင်နေဆဲ

    ဘ၀တူချင်း စာနာခြင်းဖြင့်
    ဂုဏ်ပြုစာသား ရေးသားခဲ့သည်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။