Pages

Tuesday, December 1, 2009

ပအို့ဝ်ဒေသ ပင်းပက်သံသတ္တုရိုင်းစက်ရုံ ဝန်းကျင်မှ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် စစ်ရာဇဝတ်မှု နောက်ဆက်တွဲ ဓာတ်ပုံများ။



စစ်အစိုးရရဲ့ ပအို့ဝ်ဒေသ ပင်းပက်သံသတ္တုရိုင်းစက်ရုံ ဝန်းကျင်မှ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခံရမှု နောက်ဆက်တွဲ ဓာတ်ပုံတွေပါ။ သံသတ္တုရိုင်း စက်ရုံက စွန့်ပစ်တဲ့ ခဲဆိပ်ပါတဲ့ ရေကိုသုံးစွဲရတဲ့ အတွက်ကြောင့် ခလေးသူငယ်များမှာ ခဲဆိပ်သင့်တဲ့ ဝေဒနာတွေခံစားနေရတာကို ရင်နင့်ဖွယ်တွေ့ရပါတယ်.... မြေမြုပ်မှိုင်းဒဏ်ခံရတဲ့ ပြည်သူတွေ.... အိုးပစ်အိမ်ပစ်ပြီး ထွက်ပြေးတိမ်းရှောင် နေရတဲ့ ပြည်သူတွေရဲ့ ဘဝတွေဟာ ဒီစစ်အာဏာရှင်.. စံနစ်အောက်မှာ နေရာတိုင်းမှာ ဖြစ်ပေါ်နေတာပါ။ ဒီစစ်အာဏာရှင်စံနစ် မချုပ်ငြိမ်းသရွေ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဘဝတွေဟာ နင်းပြားခံဘဝနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခံရမှုတွေ ဆက်လက်ခံနေရမှာ မလွဲမသေပါပဲ။

ဓာတ်ပုံများကို ဖော်ပြခွင့်ပြုတဲ့ (NCGUB) အလုပ်သမားဝန်ကြီးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သထုံမြို့နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းနဲ့ ကိုဖုန်းလှိုင်(FWUBC)တို့အား ကျေးဇူးအထူးတင်ပါသည်။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။