တိုင်းရင်းသားလူမျိုးများ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (မိုင်းလား) အထွေထွေ အတွင်းရေးမှူး ဦးမင်းအိမ် လုပ်ကြံခံရမှုနှင့် ပတ်သက်သည့် အရေးကြီးသည့်သဲလွန်စများ ရရှိနေပြီဖြစ်ကြောင်း မိုင်းလား အထူးဒေသ(၄)ရဲဌာနမှ အရာရှိတစ်ဦးက ပြောဆိုတယ်လို့ဆိုပါတယ်။
ဦးမင်းအိမ်လုပ်ကြံမှုနှင့် ပတ်သက်ပြီး သတင်းပေးနိုင်သူကို ယွမ်နှစ်သိန်း ဆုချမည်ဖြစ်ကြောင်း၊ လုပ်ကြံသွားသူတွေရဲ့ ပုံသဏ္ဍန်အချက်အလက်များနှင့်တကွ မိုင်းလားအဖွဲ့မှ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် တရုတ်၊ မြန်မာ နှစ်ဘာသာဖြင့် ကြေညာချက်ထုတ်ပြန်ထားပါတယ်။

No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။