Pages

Tuesday, February 9, 2010

ကြပ်ပြေးနေပြည်တော်က ဆောက်လက်စ ပါလီမာန် အဆောက်အဦးပုံနှင့် လက်တွေ့ပြည်သူတွေဘဝ...

PLM BL

ကြပ်ပြေးနေပြည်တော်က ဆောက်လက်စ ပါလီမာန်အဆောက်အဦးပုံဆိုပြီး ပေးပို့လာပါတယ်။ တကယ်ရော ပါလီမာန်ဆိုတာ ပေါ်ပေါက်လာမှာလား။ ဘောင်းဘီချွတ် စစ်ဗိုလ်တွေ၊ ကြံ့ဖွတ်တွေနဲ့ သာကူးတွေ၊ ခေတ်ပျက် သူဋ္ဌေးတွေ၊ နိုင်ငံရေးဇာတ်ပျက်တွေချည်းပဲ အသွင်ပြောင်းပြီး ထိုင်ခုံနေရာလုနေမယ့် ကဇာတ်ရုံပဲလား။ (၇၅)ရာခိုင်နှုန်းရလည်း မနည်းဘူးဆိုပြီး ကြံဖန်စိတ်ကူးယဉ်နေတဲ့ နိုင်ငံရေး ပရောဟိတ်တွေရဲ့ စိတ်ကူးယဉ် နန်းတော်ကြီးပဲလားဆိုတာတော့ မကြာခင်အဖြေပေါ်လာတော့မှာပါ။

ပြည်သူတွေမှာတော့ ရေမရ၊ မီးမရ စီးပွားရေးကြပ်တည်းမှုတွေ နဲ့နေ့စဉ် ရင်ဆိုင်ဖြေရှင်းနေရတဲ့ အချိန်မှာ မြန်မာပြည်ရဲ့ သယံဇာတတွေ ပြည်သူပိုင်ငွေတွေကို စာရင်းမရှိ အင်းမရှိပဲ ထင်တိုင်းကြဲသုံးစွဲနေတာပါ။ ဒီအဆောက်အဦးရဲ့ ကန်ထရိုက်တွေ လုပ်ပိုင်ခွင့်ရကြတဲ့ သူတွေကတော့ အားလုံးသိကြတဲ့ အတိုင်း စစ်အာဏာရှင်တွေရဲ့ ဆွေမျိုးသားသမီးတွေနဲ့ ကပ်ဖားရပ်ဖား စီပွားရေးလုပ်ငန်းရှင်တွေပါပဲ။ ဦးအောင်ဆန်းဦး ရဲ့ ဇနီးဒေါ်လဲ့လဲ့နွယ်သိန်းနဲ့ အမျိုးတွေကလည်း နောက်ကျကျန်ခဲ့မှာစိုးလို့ အူယားဖားယား ယောင်္ကျားကို လူမိုက်ငှားပြီး ကြပ်ပြေးနေပြည်တော် တည်ဆောက်ရေးလုပ်ငန်းတွေမှာ ကန်ထရိုက် လုပ်ငန်းတွေရယူနေပါတယ်။ တိုင်းပြည်ကထွက်တဲ့ သဘာဝဓာတ်ငွေ့ကိုတော့ တိုင်းတပါးကို ရောင်းစားပြီး ပြည်သူတွေကတော့ အမှောင်ထဲမှာ ငုတ်တုတ်ထိုင်နေရတာပါ။




















နယ်စပ်ဒေသက ပြည်သူတွေနဲ့ မြန်မာပြည် အနှံ့အပြားမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ မျက်နှာကို မထောက်ပဲ စစ်ကျွန်အဖြစ် ဝင်အရွေးခံ မည့်သူများ တချိန်မှာ သမိုင်းတရားခံအဖြစ် ပြည်သူတွေရဲ့ ဒဏ်ခတ်တာကိုခံရမှာ မလွဲမသွေ ခံရမှာ ဖြစ်ပါကြောင်း.....

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။