ခေါင်းစဉ်တော့ မတပ်တော့ဘူး(တေဇသူရ)A.B.S.D.F ကိုယ်ပိုင်အမှတ် (102113)သူငယ်ချင်းရေဒီအချိန်မှာ နောက်တန်းစစ်စခန်းမှာရှိနေတာဘဲ ကောင်းပါတယ်ကွာ၊ရှေ့တန်းမှာ တိုက်ပွဲတွေကပြင်းထန်ကြမ်းတမ်းနေတော့နောက်တန်းစစ်စခန်းကဘဲသက်လုံစိတ်ချရတဲ့အချိန်မို့။သူငယ်ချင်းရေရှေ့တန်းတိုက်ပွဲပြီးမှဘဲကျဆုံးအလောင်း သွားရေတော့မယ်၊ရန်သူအလောင်း ဘယ်နှစ်လောင်းမိမိဘက်က ဘယ်နှစ်လောင်း၊ရှေ့တည့်တည့်က ရန်သူ့ကျည်နဲ့ဘယ်နှစ်လောင်းနောက်တည့်တည့်က မိမိကျည်နဲ့ဘယ်နှစ်လောင်းပေါ့။အမေရိကန်အစိုးရကလည်းဒေါ်လာ ၃၆ သန်းကျော် ချကျွေးတော့မယ်ဆိုတော့မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းသူလို့မိမိကိုယ်မိမိ ခေါင်းဆောင်အမည်ခံသူတွေက၊ငွေလုပွဲမှာ အနိုင်ရဖို့ကြိုးဝိုင်းထဲကို အလုအယက်တိုးနေကြပြီ၊ဒါပေမဲ့ သူတို့မသိတာကကြိုးဝိုင်းလား ကြိုးစင်လားဆိုတာပါ။သူငယ်ချင်းရေမြန်မာ့ဒီမိုကရေစီ တော်လှန်ရေးကလည်းအရမ်းကို ကြမ်းနေရမ်းနေတော့ဘုန်းမနိပ့်အောင် ဝေဟင်မှာလွင့်နေတဲ့ထမိန်တွေ မအုပ်မိအောင်လည်းဂရုစိုက်နေရသေး။ဝေဟင်မှာထမိန်တွေကလည်းရင်ဘောင်တန်းတယ်ဆိုပြီး ပေါမှပေါ လွင့်မှလွင့်ထမိန်အလံတွေကလည်း ထူချင်နေကြပေါ့၊ခေါင်းဆောင်အရေခြုံပြီး လုပ်စားတွေကလည်းထမိန်အုပ်ခံ ထမိန်အောက်စကတ်အုပ်ခံ စကတ်အောက်ရောက်သွားတာလည်း မနည်းတော့ဘူး။သူငယ်ချင်းရေမြန်မာ့ဒီမိုကရေစီ တော်လှန်ရေးမှာလူအင်အားသာမရှိတာအဖွဲ့အစည်းတွေကတော့ အမည်အမျိုးမျိုးနဲ့စိတ်ကူးထဲရှိရာ အမည်တခုခုတာပြောလိုက်အဲ့ဒီအဖွဲ့အစည်းက အဲဒီလူအဲဒီသူတွေနဲ့ဘဲဖွဲ့စည်းပြီးသွားပြီ သူငယ်ချင်း။သူငယ်ချင်းရေမြန်မာပြည်ဒီမိုကရေစီ ရမရတော့မသိဘူးမြန်မာပြည်အနှံ့ အလွှာပေါင်းစုံကလူတွေသေလို့မကုန်ဘဲ ထွက်လို့ကုန်ပြီတချို့လည်းခေါင်းချရမယ့် အရွယ်ကိုရောက်နေပြီးအကြောင်းအမျိုးမျိုးပြပြီး ထွက်လာနေတုန်းဘဲ။တခါတခါ နအဖစစ်တပ်က ရှေ့တန်းမထွက်ရသေးဘူးမြန်မာပြည်တွင်းရှိ မြို့ပြနှင့်ရွာကလူတွေကအထုပ်အပိုးတွေသယ်ပြီး မိသားစုလိုက်၊စစ်သားထက်ခြေလှမ်းပိုသွက် တောင်တွေကိုကျော်ပြီးနယ်စပ်ဒုက္ခသည်စခန်းတွေဆီ ရောက်နေကြပြီတချို့ကလည်းမြန်မာပြည်တွင်း နိုင်ငံရေးအုံကြွမှုနိုင်ငံရေးလှုပ်ရှားမှုတွေကို စောင့်နေကြတယ်ရောင်တော်ပြန်နဲ့ပုံမှားရိုက်ပြီး အပြင်ထွက်ဖို့။
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။
ခေါင်းစဉ်တော့ မတပ်တော့ဘူး
ReplyDelete(တေဇသူရ)A.B.S.D.F ကိုယ်ပိုင်အမှတ် (102113)
သူငယ်ချင်းရေ
ဒီအချိန်မှာ နောက်တန်းစစ်စခန်းမှာ
ရှိနေတာဘဲ ကောင်းပါတယ်ကွာ၊
ရှေ့တန်းမှာ တိုက်ပွဲတွေက
ပြင်းထန်ကြမ်းတမ်းနေတော့
နောက်တန်းစစ်စခန်းကဘဲ
သက်လုံစိတ်ချရတဲ့အချိန်မို့။
သူငယ်ချင်းရေ
ရှေ့တန်းတိုက်ပွဲပြီးမှဘဲ
ကျဆုံးအလောင်း သွားရေတော့မယ်၊
ရန်သူအလောင်း ဘယ်နှစ်လောင်း
မိမိဘက်က ဘယ်နှစ်လောင်း၊
ရှေ့တည့်တည့်က ရန်သူ့ကျည်နဲ့
ဘယ်နှစ်လောင်း
နောက်တည့်တည့်က မိမိကျည်နဲ့
ဘယ်နှစ်လောင်းပေါ့။
အမေရိကန်အစိုးရကလည်း
ဒေါ်လာ ၃၆ သန်းကျော် ချကျွေးတော့မယ်ဆိုတော့
မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းသူလို့
မိမိကိုယ်မိမိ ခေါင်းဆောင်အမည်ခံသူတွေက၊
ငွေလုပွဲမှာ အနိုင်ရဖို့
ကြိုးဝိုင်းထဲကို အလုအယက်တိုးနေကြပြီ၊
ဒါပေမဲ့ သူတို့မသိတာက
ကြိုးဝိုင်းလား ကြိုးစင်လားဆိုတာပါ။
သူငယ်ချင်းရေ
မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးကလည်း
အရမ်းကို ကြမ်းနေရမ်းနေတော့
ဘုန်းမနိပ့်အောင် ဝေဟင်မှာလွင့်နေတဲ့
ထမိန်တွေ မအုပ်မိအောင်လည်း
ဂရုစိုက်နေရသေး။
ဝေဟင်မှာထမိန်တွေကလည်း
ရင်ဘောင်တန်းတယ်ဆိုပြီး ပေါမှပေါ လွင့်မှလွင့်
ထမိန်အလံတွေကလည်း ထူချင်နေကြပေါ့၊
ခေါင်းဆောင်အရေခြုံပြီး လုပ်စားတွေကလည်း
ထမိန်အုပ်ခံ ထမိန်အောက်
စကတ်အုပ်ခံ စကတ်အောက်
ရောက်သွားတာလည်း မနည်းတော့ဘူး။
သူငယ်ချင်းရေ
မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးမှာ
လူအင်အားသာမရှိတာ
အဖွဲ့အစည်းတွေကတော့ အမည်အမျိုးမျိုးနဲ့
စိတ်ကူးထဲရှိရာ အမည်တခုခုတာပြောလိုက်
အဲ့ဒီအဖွဲ့အစည်းက အဲဒီလူအဲဒီသူတွေနဲ့ဘဲ
ဖွဲ့စည်းပြီးသွားပြီ သူငယ်ချင်း။
သူငယ်ချင်းရေ
မြန်မာပြည်ဒီမိုကရေစီ ရမရတော့မသိဘူး
မြန်မာပြည်အနှံ့ အလွှာပေါင်းစုံကလူတွေ
သေလို့မကုန်ဘဲ ထွက်လို့ကုန်ပြီ
တချို့လည်းခေါင်းချရမယ့် အရွယ်ကိုရောက်နေပြီး
အကြောင်းအမျိုးမျိုးပြပြီး ထွက်လာနေတုန်းဘဲ။
တခါတခါ နအဖစစ်တပ်က ရှေ့တန်းမထွက်ရသေးဘူး
မြန်မာပြည်တွင်းရှိ မြို့ပြနှင့်ရွာကလူတွေက
အထုပ်အပိုးတွေသယ်ပြီး မိသားစုလိုက်၊
စစ်သားထက်ခြေလှမ်းပိုသွက် တောင်တွေကိုကျော်ပြီး
နယ်စပ်ဒုက္ခသည်စခန်းတွေဆီ ရောက်နေကြပြီ
တချို့ကလည်းမြန်မာပြည်တွင်း နိုင်ငံရေးအုံကြွမှု
နိုင်ငံရေးလှုပ်ရှားမှုတွေကို စောင့်နေကြတယ်
ရောင်တော်ပြန်နဲ့ပုံမှားရိုက်ပြီး အပြင်ထွက်ဖို့။