Pages

Saturday, March 13, 2010

မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်နှင့် ၂၀၁၀ စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲအား ကန့်ကွက်ရှုံ့ချပွဲအခမ်းအနား ဓာတ်ပုံမှတ်တမ်း.....


ယနေ့ကျရောက်တဲ့ ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော်ကျဆုံးသည့် နေ့ဖြစ်သည့် ၂၂ နှစ်ပြည့် မြန်မာနိုင် လူ့အခွင့်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ၂၀၁၀ စစ်အစိုးရ၏ ရွေးကောက်ပွဲ ကန့်ကွက်ရှုံ့ချပွဲအခမ်းအနား ကို ယနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရောက် ဒီမိုကရေစီအရေးလှုပ်ရှားသူ မြန်မာလူမျိုးများ၊ မြန်မာ့ဒီမိုကရေစီအရေး စိတ်ဝင်စားသူ ဂျပန်လူမျိုးများ စုစုပေါင်း အင်အား(၃၅၀)ခန့်က ယနေ့ချီတက်ဆန္ဒပြပွဲကို ကြွေးကြော်သံများတိုင်ကာ ဂျပန်နိုင်ငံ၏ လူစည်ကားရာ Shibuya မြို့ကိုဖြတ်သန်းပြီး ဂျပန်ပြည်သူများသိရှိစေရန် သရုပ်ဖော်ပုံများပြုလုပ်ကာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ချီတက်ဆန္ဒပြပွဲကို နေ့လည် ၂း၀၀ ၌် Ebisu ပန်းခြံ၌ စတင်ကျင်းပပါသည်။ နိုင်ငံတော်အလံအား အလေးပြုချင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက် ဒီမိုကရေစီ တိုက်ပွဲ အတွင်းကျဆုံးသွားကျသော အာဇာနည် သူရဲကောင်းများအား မိမိတို့ကိုးကွယ်ရာ ဘာသာအလိုက် ဆုတောင်းမေတ္တာပို့သခြင်းများ ပြုလုပ်ခြင်း၊ မြန်မာနိုင်ငံလူအခွင့်အရေးနေ့အကြောင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲဥပဒေ၏ တဘက်သတ် မတရားရေးဆွဲထားမှုများအား သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခြင်း များပြုလုပ်ပြီး နေ့လည် ၃နာရီ၌ ချီတက်ဆန္ဒပြခဲ့ကြပါသည်။ ညနေ၅နာရီခန့်၌ ချီတက်ဆန္ဒပြပွဲ ဂိတ်ဆုံး Sendagaya ပန်းခြံတွင် ကြွေးကြော်သံများတိုင်ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။...။

ဓာတ်ပုံ... ဦးသန်းဝင်း၊ ဒီမိုဝေယံ..
သတင်း... ဒီမိုဝေယံ

မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့ ဖြစ်ပေါ်လာပုံ...


ဓာတ်ပုံကိုမျိုး
( ၂၂ )နှစ်မြောက် ကိုဖုန်းမော်နှစ်ပတ်လည် မြန်မာနိုင်ငံ လူ့ အခွင့်အရေးနေ့ RIT,March 13, 1988

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။