Pages

Wednesday, March 17, 2010

အဖွဲ့ချုပ် ရပ်တည်ရေး မတ်လ (၂၉) ဆုံးဖြတ်မည်.....(VOA သတင်းဋ္ဌာန)

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဘယ်လို ရှေ့ဆက် ရပ်တည်သွားမလဲဆိုတာ လာမယ့် မတ်လ (၂၉) ရက်နေ့မှာ အပြီးသတ် ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ NLD ခေါင်းဆောင်တွေက ပြောဆိုပါတယ်။ လောလောဆယ် ပါတီ အနေနဲ့ ဘယ်လို ဆက်လက်ရပ်တည်မယ်ဆိုတာ အဖြေအတိအကျ မဆုံးဖြတ်ရသေးတဲ့အကြောင်း ဒါပေမဲ့လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မတရားတဲ့ ဥပဒေတွေကို ဆန့်ကျင်တုံ့ပြန်သွားဖို့တော့ ဆုံးဖြတ်ထားတဲ့အကြောင်း ဒီနေ့ ကျင်းပတဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောပါတယ်။ အသေးစိတ်ကို မခင်ဖြူထွေး, က တင်ပြထားပါတယ်။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။