Pages

Sunday, April 18, 2010

ရန်ကုန်မြို့ တွင် နအဖ လုံခြုံရေးတင်းကျပ်......


၁၅.၄.၂၀၁၀ သင်္ကြန်အကြတ်နေ့ ညနေ ၃း၀၀ ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးပတ်လမ်း ကရ၀ိတ် အနီးတွင် ဗုံး ၃ လုံးပေါက်ကွဲခဲ့ပြီးနောက်၊နအဖ စစ်အစိုးရမှ ပြည်သူများအား သတိရှိကြရန်နှိုးဆော်ပြီး လုံခြုံရေးကို တင်းကျပ်စွာ ချထားသည်။၁၆.၄.၂၀၁၀ ည ၁၀း၄၀ အချိန်ခန့်တွင် အမြှောက် များကိုတင်ဆောင်လာသော စစ်ကား ၃ စီး သာကေတမှ သုဝဏ္ဏသို့ သွားသောတံတားပေါ်မှ ဖြတ်သန်း၍ ရန်ကုန်မြို့တွင်းသို့ မောင်းနှင်သွားသည်။ လမ်းမများပေါ်တွင်လည်း မောင်းနှင်လာသော မော်တော်ယာဉ်များကို သဲသဲမဲမဲ ပိတ်ဆို့ရှာဖွေစစ်ဆေးလျှက်ရှိသည်။ ဗုံးပေါက်ကွဲမှုတွင် ရန်ကုန်စစ်ဒေသမှုး ဒဏ်ရာရရှိပြီး မင်္ဂလာဒုံစစ်ဆေးရုံတွင် အတွင်းလူနာအဖြစ်ကုသခံနေပါသည်။ မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဌ လည်းသေဆုံးသွားပါသည်။

ပေးပို့လာသူ Burma Paparazi အားကျေးဇူးတင်ပါသည်။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။