Pages

Saturday, April 24, 2010

ရက်ပေါင်း ၆၀ ကျော်ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တို့ အလံတို့ကို ဖြုတ်ချထားစရာ အကြောင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာ ပါရှိတဲ့ ရက်ပေါင်း ၆၀ ကိုကျော်လွန်သွားချိန်မှာ ပါတီရဲ့ ဆိုင်းဘုတ်တို့ အလံတို့ကို ချထားဖို့မလိုဘူး.... ချထားစရာ အကြောင်းမရှိဘူးဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့ နေ့လည်၁နာရီမှ ၃နာရီထိ အကျိုးဆောင် ရှေ့နေများနှင့် တွေဆုံ့ခွင့်ရစဉ် ပြောဆိုလိုက်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းကပြောဆိုပါတယ်။

Get this widget | Track details | eSnips Social DNA
ရှေ့နေကြီးဦးဥာဏ်ဝင်းရဲ့ ပြောဆိုချက် အသံဖိုင်ပါ....

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း။ ပြီးခဲ့တဲ့ အပတ်တွေက ဆေးရုံမှာ Echo ရိုက်တဲ့ ဆေးစစ်ချက်တွေ ကောင်းမွန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ဆက်လက်ပြောဆိုသွားပါတယ်။

သတင်း...ဒီမိုဝေယံ


2 comments:

  1. အားလုံးသတိ

    ဟားဟား.. နဲနဲ သွေးရူးသွေးတန်း လွတ်သွားတဲ့ စကားလို့မြင်ပါတယ်.. ပြောသမား ဒေါ်စုဖြစ်နေတာတော့ နဲနဲလေသွားတယ်ဗျာ.. ဒါမှမဟုတ်လဲ ကျန်းမာရေး ကောင်းမွန်တယ်ဆိုတာ မဟုတ်လောက်ဘူး ထင်တယ်.. သွေးလေများ ဖောက်ပြန်နေလားမသိ..

    ရှင်းနေတာက တရားဝင်အဖွဲ့အစည်းအဖြစ် မရပ်တည်ဘူး ဆုံးဖြတ်ရင် ဆိုင်းဘုတ်ကို ညစ်ပတ်ကပ်ကျယ် ဖက်ထားဖို့မလိုပါဘူး.. လမ်းဘေးက ဆိုက်ကားဂိတ်တို့ ဘာတို့ဆိုတဲ့ ဆိုင်းဘုတ်တောင် နည်းလမ်းမှန် စည်းကမ်းအညီ တပ်ရတယ်ဆိုတာ ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာမဆို မေးကြည့်လို့ရပါရဲ့ဗျာ.. ဒီတော့ ဒီဆိုင်းဘုတ်မဖြုတ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကပဲ မဟာအန်အယ်ဒီကြီးရဲ့ နိုင်ငံရေးအကွက်ဆိုရင်တော့လဲ မောင်သတိ အံ့သြောဘနမ်း ဂုဏ်ပြုလက်ခုပ်တီးရမှာပါပဲ.. ဟားဟား.. ဒါဟာ မတရားတဲ့ အမိန့်ကို တိုက်ဖျက်တာပါဆိုရင်တော့ ကဲ.. လူတစ်ယောက်ယောက် ဒါမှမဟုတ် အဖွဲ့တစ်ခုခုဟာ အဖွဲ့တွေ ဖွဲ့ချင်သလိုဖွဲ့၊ ဆိုင်းဘုတ်တွေ အလံတွေကို ထောင်ချင်သလိုထောင် တင်ချင်သလိုတင် လို့ရတယ်ဆိုတဲ့ ဒီမိုကရေစီ ဘယ်မှာများ တွေ့ဘူးပါသလဲခင်ဗျာ..

    အင်း.. တချို့ လမ်းဘေးမှာ စက္တူနဲ့ ရေးပီး သစ်ပင်မှာ ကပ်ထားတတ်တဲ့ လေထိုးသည်တို့ ဘာတို့ ဆိုင်းဘုတ်တွေတော့ စည်ပင်က လျှော်ပေးတတ်တယ် ထင်တယ်ဗျ.. အဲလိုလုပ်ရင်တော့ ရမယ်ထင်တယ်လို့ အန်အယ်ဒီကို အကြံပေးချင်ပါရဲ့..

    သြော် ခမျာ.. ရောထွေးလမ်းပျောက်နေလိုက်ပုံများ ဘာမဟုတ်တဲ့ တကယ်လဲ နည်းမှန်လမ်းမှန်မဟုတ်ပဲ ကလေးကလား ဆိုင်းဘုတ်တိုက်ကွက်လောက်နဲ့ မိန့်ခွန်းချွေနေရ၇ုံပဲလားဗျာ..

    အားလုံးသက်သာ
    မောင်သတိ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။