Pages

Friday, April 23, 2010

ဘိုးဘွားအရိုးတွေ ထအော်လာပြီ!!!

Photobucket

နအဖကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲ ကို ကိုယ်ကျိုးတစ်ခုတည်းကို ကြည့်ပြီး ထောက်ခံနေသူများ၊ စစ်အာဏာ ရှင် အလိုကျ ကိုယ့် အမျိုးသားအလံတော်ကို ပါတီအလံအဖြစ် အသုံးပြုနေသူများ သင်တို့ရဲ့ ဘိုးဘွားအရိုးတွေ ထအော်လာပြီ လို့သတိပေးချင်ပါတယ်။

သင်တို့အတွတ် ရှက်တတ်ရင် ရှက်လို့ရအောင်နဲ့ အသိတရားလေးဝင်မလား တွေးမိလို့ တကယ့်ဇတ်လမ်းလေးတပုဒ် ထည့်ပေးလိုက်တယ်။ စစ်အာဏာရှင် အလိုကျ ဒူးထောက်ခစားပြီး အခွင့်အရေး အတွက် ဘိုးဘွားတွေ သားငယ်သမီးငယ် တွေရဲ့ သွေးတွေ၊ မျက်ရည်တွေ ကိုစတေးနေတဲ. သင်တို့ကို ဘယ်သူတော်ကောင်းမှ ကောင်းချီးမပေးပါ။ သင်တို့ဟာ သစ္စာဖောက်တွေ အဖြစ် သမိုင်းတွင်သွားပါပြီ။ နောက်လာမယ့်မျိုးဆက်တွေကလည်း သင်တို့ကို ပြစ်တင်ရှုံချ ကြပါလိမ့်အုံးမယ်။

အမေရိကန် အနောက်ပိုင်းကို အောင်နိုင်ရေးအတွက် စစ်ခင်းနေရတဲ့ ကာလ၊ လူနီရိုင်းတွေ သွေးမြေကျနေတဲ့ ကာလကဖြစ်ပါတယ်။ လူနီရိုင်းတွေ ရဲ့ အကြီးအကဲ ဂျိုးဇတ် (၁၈၄၀-၁၉၀၄) ရဲ့ ဖခင်ဟာ သေဆုံးလုဆဲဆဲမှာ သူ့သားကိုခေါ်ပြီး အခုလိုပြောခဲ့တယ်။

‘ငါ့သား၊ ငါ့ရဲ့ခန္ဓာကိုယ်ဟာ မကြာခင် အမိမြေကြီးဆီကို ပြန်သွားရတော့မယ်။ ငါမရှိတဲ့အခါ ဒီနယ်မြေဟာ မင်းရဲ့ အမွေဆက်ခံရာဖြစ်တယ်။ မင်းကို စည်းစိမ်ချမ်းသာတွေ ငါမပေးခဲ့နိုင်ဘူး။ ငါရဲ့ ရာထူးကို မင်းလက်ခံရ တဲ့အတွက် ဂုဏ်ယူပီတိဖြစ်စရာလို့ ထင်မနေနဲ့။ အဲ့ဒါဟာ ကျေပွန်အောင် ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရား တွေပဲဖြစ်တယ်။ မင်းလက်ထဲကို ငါ့ပြည်သူတွေနဲ့ မင်းလျှောက်နေတဲ့ မြေကြီးကို ပေးခဲ့တယ်။ မကြာခင် လူဖြူ တွေ ပတ်လည်ဝိုင်းလာပြီး တို့မြေကိုဝယ်ဖို့ ကြိုးစားလိမ့်မယ်။

မင်း အမြဲသတိရနေသင့်တာက ငါ့ရဲ့ခန္ဓာကိုယ် ဟာ ဒီမှာလဲလျောင်းနေပြီး ငါဟာ သူမရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတယ်ဆိုတာကိုပါပဲ

ဂျိုးဇတ်က သူ့အဖေတောင်းတဲ့ ကတိကိုပေးခဲ့တယ်။ သူတို့နယ်မြေကို လူဖြူတွေက အမျိုးမျိုးဝယ်ဖို့ ကြိုးစားခဲ့ ပေမဲ့ သူက အမြဲငြင်းပယ်ခဲ့တယ်။ ကျူးကျော်သိမ်းပိုက်ဖို့ ကြိုးစားလာတဲ့အခါ ဂျိုးဇက်ဟာ သူ့လူတွေကို ခေါင်း ဆောင်ပြီး အမေရိကန်တွေကို ခုခံတိုက်ခိုက်ခဲ့တယ်။ နောက်ဆုံး သူ့ကို ဖမ်းမိတဲ့အခါ ဘာကို ခုခံကာကွယ်ဖို့အ တွက် ခုလောက် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေတာလဲလို့ မေးကြတယ်။ ဒီတော့ သူက ပြန်ပြောတယ်။

“ ဘယ်သူမှ ကိုယ့်အဖေရဲ့ အရိုးတွေကို မရောင်းဘူး ” တဲ့။
"A man who would not defend his father's grave is worse than a wild animal."

Chief Joseph (1840-1904)


"ပညာတတ်ပေမယ့် အောက်တန်းကျတဲ့ လူတွေဟာ

တိုင်းပြည် နဲ့ လူမျီုး ကို အမြဲတမ်း နှောက်ယှက် အန္တ္တရာယ်ပေးမယ့် လူစားမျိုးဖြစ်သွားတတ်တယ်။"

ပညာရေး ပါရဂူ ဘတ်တလာ



ကျောင်းသားတစ်ဦး
၂၃.ဧပြီလ.၂၀၁၀
ပေးပို့လာသူ ညီငယ် အလင်းဆက်..

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။