ယနေ့ ကျင်းပတဲ့ မြန်မာ့မိသားစု အတာသင်္ကြန်ပွဲတော်သို့ မြန်မာလူမျိုးများ၊ ဂျပန်လူမျိုးများနှင့် နိုင်ငံခြားသားများ ၈၀၀ကျော် ပါဝင်ဆင်နွဲခဲ့ကြပါတယ်။ ထူးခြားသည်မှာ ယခုနှစ်သင်္ကြန်ပွဲတော်ပွဲတော်သို့ ဂျပန်လူမျိုးများနှင့် နိုင်ငံခြားသားများ အထူးများပြားစွာ လာရောက်အားပေးခဲ့ကြပါတယ်။ ဖျော်ဖြေရေးအနေနှင့် မြန်မာ့ရိုးရာသံချပ်၊ မြန်မာအကများ၊ မြန်မာခေတ်ပေါ်တီးဝိုင်းများ၊ ဂျပန်တီးဝိုင်းများ ၊အငြိမ့်များဖြင့် ဖျော်ဖြေခဲ့ကြပါတယ်။ ယခုနှစ်ကျင်းပသည့်ပွဲတော်၌ မြန်မာအစားအသောက်ရောင်းချသည့် ဆိုင်ခန်းပေါင်း ၃၆ဆိုင်အထိ လာရောက် ရောင်းချခဲ့ပါတယ်။ အခမ်းအနားကို ညနေ(၅)နာရီ(၃၀)မှာ ကံစမ်းမဲများဖောက်ပေးပြီး ရုပ်သိမ်းလိုက်ပါတယ်။
ကံစမ်းမဲ ပေါက်ဂဏန်းများကတော့
ပထမဆု(1297) Notebook Computer ဆုလာရောက်မထုတ်ယူသေး..
ဒုတိယဆု(1433) Ipod ဆုထုတ်ယူပြီး
တတိယဆု (1236) Digital Camera ဆုလာရောက်မထုတ်ယူသေး..
No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။