Pages

Friday, May 21, 2010

လူတွေအထင်ကြီးတဲ့ ရွှေမင်းသမီးက7days news ဂျာနယ်မှ ဂျာနယ်လစ် မိန်းကလေးတစ်ဦးကို ကိုယ်ထိလက်ရောက်စော်ကားခြင်း

HtethtetmoeooHtethtetmoeoo1

Johnson n Johnson ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ လူတွေအထင်ကြီးတဲ့ ရွှေမင်းသမီးက7days news ဂျာနယ် မှဂျာနယ်လစ် မိန်းကလေးတစ်ဦးကို ကိုယ်ထိလက်ရောက်စော်ကားခြင်း

၁၉.၅.၂၀၁၀ ဗုဒ္ဓဟူးနေ့ ညနေက ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသော Johnson n Johnson ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲတွင် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦးမှ 7DaysNewဂျာနယ်မှ ဂျာနယ်လစ်မိန်းကလေးတစ်ဦး၏ ဆံပင်ကို ဆွဲကာပါးကိုရိုက်ပြီး ကိုယ်ထိလက်ရောက် စော်ကားခဲ့သည်ဟု ခိုင်လုံတိကျ သေချာသော သတင်းရပ်ကွက်မှ သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ အဆိုပါဂျာနယ်မှ ဂျာနယ်လစ်မိန်းကလေးက ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦးအား အင်တာဗျူးရန်အတွက် ၄င်းအခမ်းအနား၌ ချိန်းဆိုထားခဲ့သည်။ ချိန်းဆိုပြီးနောက် ဂျာနယ်လစ် မိန်းကလေးမှ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီထက်ထက်မိုးဦး၏ အိမ်ထောင်ရေးကိစ္စမှာ တည်မြဲသွားပြီလားဟု မေးမိရာ ၄င်းမှ စိတ်ဆိုးမာန်ဆိုး နှင့်မိန်းကလေး၏ ဆံပင်ကိုဆွဲကာ ပါးကိုရိုက်နှက်ပြီး လက်သည်းများနှင့် လည်းကုတ်ခြစ်ခဲ့သည်။ ဟုသိရှိရပါသည်။

အထက်ပါ ဖြစ်စဉ်အား ဂျာနယ်လစ်မိန်းကလေးဘက်မှ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းကော်မတီနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ တိုင်ကြားမည်ဟုလည်း သိရပါသည်။ ယခုကဲ့သို့ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူခြင်းများသည် မြန်မာနိုင်ငံတွင် နအဖစစ်အစိုးရ၏ ဆွေမျိုးများနှင့် ပိုက်ဆံရှိ အသိုင်းအ၀ိုင်းများကြားတွင် အတော်ခေတ်စားနေပါသည်။ ထို့အပြင်မီဒီယာ ဘက်မှသာအမြဲရပ်တည်မည်ဟု ကြွေးကြော်ထားသော ဆရာကြီးများအနေနှင့် မီဒီယာဘက်မှရပ်တည်မည်လား..? ရွှေမင်းသမီးဘက်မှ ရပ်တည်မည်လား ဆိုသည်ကိုတော့ မြန်မာနိုင်ငံ၏လွန်စွာမှ မှန်ကန်တိကျ သေချာသော၊ လူ့အခွင့်အရေးကို လေးစားမှုအပြည့်အ၀ရှိသော တရားဥပဒေ ပိတ်ကားပေါ်တွင် ဆက်လက် ရှုစားကြပါလို့…………….

မာဃ၀ိဇ္ဇာ

ပေးပို့လာသူကတော့ သိကြားနဲ့ဝိဇ္ဇာ ပေါင်းထားတဲ့ မာဃ၀ိဇ္ဇာပါ...



8 comments:

  1. နဲတောင်နဲသေးတယ်၊စောက်ရေးမပါတာကို စောက်ရမ်း
    မေးတာကို။

    ReplyDelete
  2. ဂျာနစ်လစ်တွေ စောင့်ထိန်းရမယ့်စည်းကမ်းဆိုတာလည်းရှိမှာပါ..မင်းသမီးလည်း လူသားတယောက်ပါ..ကိုယ်မေးမယ့် မေးခွန်းကို သူများကို မမေးခင် ကိုယ့်ကို ကိုယ် အရင်ပြန်မေးသင့်ပါတယ်..သူလက်ခံနိုင်သလို ငါရော လက်ခံနိုင်သလားဆိုတာပါ..မေးခွန်းမေးတဲ့သူဆိုတာ ပညာသားပါပါ သွယ်ဝိုက်ပြီး သူ့ဂုဏ်လည်း မထိခိုက်အောင် မေးရင် ရပါတယ်..ဟိုက လုပ်တော့မှ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ရေးတာ မကောင်းပါ..ရွှေမင်းသမီးမှ ပိုက်ဆံရှိအသိုင်းအ၀ိုင်းမှ မဟုတ်ပါဘူး..လူအားလုံး ကိုယ်ချင်းစာတရားပြည့်စုံရင် အားလုံးအိုကေပါတယ်..

    ReplyDelete
  3. တိုင်သာနဲတောင်နဲသေးတယ် လိုတာထက်ပိုပြောပြီတိုင်

    ReplyDelete
  4. နဲတောင်နဲသေးတယ်ဗျာ..လူများကိစ္စကို မေးချင်တိုင်းမေးရအောင်..သိက္ခာဆိုတာမရှိတော့ဘူးလား..မင်းမဲ့စရိုက်လဲမဟုတ်ဘူး..သိက္ခာလာထိရင်တော့ တွယ်မှာပဲ...မမေးခင်ကတည်းက စဉ်းစားဖို့ကောင်းတယ်...အခုတော့ အမှုတက်တာပေါ့...

    ReplyDelete
  5. hahahaaa..im really like 1st anonymous comment...

    ReplyDelete
  6. မိန်းကလေးချင်း.ကိုယ်ချင်းစာရမဲ့ အစား...မမေးသင့် တာသွားမေးတာကိုး..အရိုက်ခံရတာတောင်..နည်းသေးတယ်

    ReplyDelete
  7. အရိုက်ခံရတာတောင်..နဲသေးတယ်

    ReplyDelete
  8. hote per del,, journallist 1 youk anay nae mayy tint mayy htiek ter ko bel mayy ya mar pot, e de lo thu ta per ko yay ko ter ko hti kite pee ma mayy tint woo so der ma ti woo so yin dot journalist ma lote tint dot woo lae, zay del twar pee Fish young sar lite per dot lar??? kg del
    par yite khan ya der taung nae tay del,

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။