Pages

Friday, May 28, 2010

AI (နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့)မှ ဦးစီးကျင်းပတဲ့ မြန်မာ့အရေး ဂျပန်လွှတ်တော်အတွင်း ဆွေးနွေး ကြားနာပွဲ....

AI (နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့)မှ ဦးစီးကျင်းပတဲ့ မြန်မာ့အရေး ဂျပန်လွှတ်တော်အတွင်း ဆွေးနွေ့းကြားနာပွဲကို ဂျပန်အောက်လွှတ်တော်ရုံး အဆောက်အဦး sangiinkaikan daiichi ခန်းမမှာ ၂၆ရက်နေ့ ဗုဒ္ဓဟူးနေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ ဂျပန်လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲနှင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ အဖွဲ့အစည်းများ၊ မြန်မာ့အရေး ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂမှဥက္ကဋ္ဌ လက်ရှိအာဏာရပါတီမှ Mr.Suematsu နှင့် ဂျပန်လွှတ်တော်အမတ်များ မြန်မာ့အရေး စိတ်ပါဝင်စားသူ ဂျပန်အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ စုစုပေါင်း လူဦးရေ (၅၀)ခန့် တက်ရောက် ခဲ့ကြပါတယ်။ ဆွေးနွေးကြားနာပွဲ၌ လက်ရှိမြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲအခြေအနေနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး.... ဂျပန်လွှတ်တော် အမတ်များမှ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ တောင်းဆိုချက်များအား ဂျပန်အစိုးရသို့ တင်ပြတောင်းဆို ပေးသွားမည်ဟု ကတိပေးစကား ပြောကြားသွားပါတယ်။

သတင်း၊ဓာတ်ပုံ ကိုမြသိန်း စာပေနှင့်သုတေသနရေးရာမှုး NLD(LA)JB ...

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။