Pages

Monday, May 17, 2010

သုံးလို့ရတဲ့ အလှူခံပစ္စည်းတွေကျတော့ အကုန်ခိုးပြီး ပြည်သူအတွက် အသုံးပြုရမယ့်ပစ္စည်းတွေကျတော့ အိမ်မှာထားမရလို့ ဒီအတိုင်းပစ်ထားတယ်။

water
ဧရာဝတီတိုင်းလပွတ္တာခရိုင်ပြင်စလူမြို့နယ်ကန္နားလမ်းဘေးတစ်နေရာမှ ရင်နင့်ဖွယ်ရာဖြစ်ရပ်

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ တွင်လူအများ၏ အသက်အိုးအိမ်စည်းစိမ် တို့အားရက်စက်စွာ တိုက်ခတ် သတ်ဖြတ်ခဲ့သော နာဂစ်မုန်တိုင်း တိုက်ခတ်အပြီးတွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအား သောက်သုံးရေ အခက်အခဲ မဖြစ်စေရန်အတွက် စေတနာရှင်များမှ ကျပ်သိန်းပေါင်း မြောက်များစွာတန်ဖိုး ရှိသော ပင်လယ်ရေငန်မှ သောက်သုံးနိုင်သည့် ရေချိုအဖြစ်သို့ ပြောင်းလဲပေးသော ရေသန့်စင် စက်ကြီးတစ်လုံးအား လှုဒါန်းခဲ့ကြပါသည်။

ထိုသို့စေတနာရှင်များမှ လှုဒါန်းခဲ့ကြသော ၄င်းရေသန့်စင် စက်ကြီးအား သက်ဆိုင်ရာမှ ယခုအချိန်အထိ အသုံးပြုခြင်းမရှိပဲ ပြင်စလူမြို့နယ် ကန္နားလမ်းဘေး တစ်နေရာတွင် စည်းမဲ့ကမ်းမဲ့နိုင်စွာ စွန့်ပစ်ပစ္စည်းကဲ့သို့ ထားရှိထားပါသည်။ ယခုအခါ နာဂစ်မုန်တိုင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် ရာသီဥတု ဖောက်ပြန်လာပြီး အပူရှိန်မြင့်တက်ကာ သောက်သုံးရေကန်၊ ရေတွင်းများ ၊လယ်ယာမြေများ ခြောက်ခန်း လာနေပါသည်။ မုန်တိုင်းဒဏ်သင့်ဒေသမှ ပြည်သူများ အနေဖြင့် ယခုအခါ ရာသီဥတု ဖောက်ပြန် နေခြင်းကြောင့် သောက်သုံးရေ အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။ သို့ပါသောကြောင့် ၄င်းရေချိုသန့်စင် စက်ကြီးအား သက်ဆိုင်ရာမှ အမြန်ဆုံးအသုံးပြုပြီး ပြည်သူများ၏ လိုအပ်နေသော သောက်သုံးရေအခက်အခဲ အတွက် ပြေလည်အောင် ဖြေရှင်း အသုံးပြုပေးပါရန် တင်ပြလိုက်ပါသည်။

လေးစားဦးညွှတ်လျှက်

Burma Paparazi

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။