Pages

Wednesday, May 26, 2010

မင်္ဂလာဈေးမီးလောင်မှု မေလ ၂၅ရက်နေ့ ညနေ ၆ နာရီ ၀န်းကျင်တွင် မီးငြိမ်းသွားပြီ....

Eleven Media Group မှ ဓာတ်ပုံများ ပြန်လည်ဖော်ပြလိုက်ပါတယ်။
မေလ ၂၄ရက်နေ့ မနက် ၈နာရီခွဲဝန်းကျင်တွင် စတင်လောင်ကျွမ်းခဲ့သော မင်္ဂလာဈေး မီးလောင်ကျွမ်းမှုသည် မေလ ၂၅ရက်နေ့ ညနေ ၅နာရီ ၀န်းကျင်အချိန်၌ မီးငြိမ်းသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

''ညနေပိုင်းကတည်းက မိုးကသည်းသည်းမည်းမည်း ရွာနေတာ။ ညနေ ၆နာရီဝန်းကျင်လောက်မှာတော့ မီးလုံးဝငြိမ်းသွားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိတော့ အပူရှိန်ရှိနေသေးတဲ့အတွက် မီးထပ်လောင်မှာစိုးလို့ မီးသတ်အဖွဲ့က မီးငြှိမ်းသတ်မှုတွေ ပြုလုပ်နေတုန်းပါပဲ။ ''ဟု မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော မင်္ဂလာဈေးအနီးတွင် တာဝန်ကျသူတစ်ဦးက ဆိုပါသည်။

မင်္ဂလာဈေးမီးလောင်မှုကြောင့် ဆုံးရှုံးသွားသော ဆိုင်ခန်းများ၊ မီလောင်ကျွမ်းမှုမရှိသည့် အခြားအထပ်မှ ဆိုင်ခန်းမျာနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းအခြေအနေများကို ဆက်လက်ဖေါ်ပြသွားပါမည်။

သတင်းများ အားလုံး Eleven Media Group မှ ပြန်လည် ကူးယူဖော်ပြပါသည်.... http://www.news-eleven.com

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။