ရေတို . . . ရေရှည် ရေအလှူ
နာရေးကူညီမှုအသင်း(ရန်ကုန်
ပထမဦးစွာ ပဲခူးတိုင်း၊ က၀မြို့နယ်မှ ၁၀ မိုင်/ ၁၅ မိုင်ခန့် အကွာရှိ ခနာကျေးရွာ (ခနာအနောက်ကျောင်းတိုက်)၊ လက်ပံကုန်းကျေးရွာ (ရှမ်းကန်ကျေးရွာအုပ်စု)၊ စက်ကုန်းကျေးရွာ၊ ကျောင်းတိုက်ကျေးရွာ၊ ကန်းကုန်းကျေးရွာ၊ ခနီးကျေးရွာ၊ ညောင်ပင်ကန်ကျေးရွာ၊ ပြည်တော်သာ ကျေးရွာ တို့အပြင် ပြည်မြို့ ပေါက်ခေါင်းမြို့နယ်ဘက်ရှိ သီးကုန်းရွာ၊ သပြေတုံးရွာ၊ ထူးပေါက်ရွာ၊ ကျောက်ပြင်သာရွာတို့တွင်လည်း အ၀ီစိတွင်းများ အုတ်ကန်/ရေကန်များကို “အများအတွက် အများကောင်းမှု နာရေးကူညီမှုအသင်း(ရန်ကုန်)” ဟု ကဗျည်းရေးထိုးပြီး စတင် လှူဒါန်းနေပါကြောင်း .....
၂၃.၅.၂၀၁၀ (တနင်္ဂနွေ)နေ့တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရန်ကုန်တိုင်း၊ ဒလမြို့နယ် ဘက်ရှိ ကျန်စစ်သားရပ်ကွက်၊ တပင်ရွှေထီးရပ်ကွက်၊ တခွတ်ကျေးရွာ၊ စက်ဆိပ်ကျေးရွာတို့ရှိ ရေဒုက္ခသည် များအား မော်တော်ယာဉ် (၂) စီးဖြင့် ရေဂါလံ (၅၀၀၀)အား နာရေးကူညီမှုအသင်း(ရန်ကုန်) မြောက်ဒဂုံရုံးတွင် ရေများ ဖြည့်ဆည်းပြီး သွားရောက် လှူဒါန်းခဲ့ပါသည်။
၂၂.၅.၂၀၁၀ ရေအလှူ
No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။