Pages

Tuesday, May 18, 2010

မြို့ တော်ရန်ကုန်မှာ ရွှေထက်တန်ဖိုးကြီးတဲ့ ရွှေမိုးရွာလေပြီ

မြို့ တော်ရန်ကုန်မှာ ရွှေထက်တန်ဖိုးကြီးတဲ့ ရွှေမိုးရွာလေပြီ

ယနေ့ မေလ ၁၇ ရက် နေ့ နံနက် ၁၀း ၃၅ အချိန်ခန့်တွင် လူအများတောင့်တလျှက်ရှိသော မိုးမင်းကြီးသည် ရုတ်တရက် မိုးတိမ်များ မည်းမှောင်လာပြီး အင်အားပြင်းထန်စွာဖြင့် သဲသဲမဲမဲ ရွာသွန်းပါတော့သည်။ မိုးရွာသွန်းမှုကြောင့် အချိန်ကြာမြင့်စွာ နှိပ်စက်ခဲ့သော အပူဒဏ်သည်လည်း လျော့ပါးသွားခဲ့ပါသည်။ ရန်ကုန်မြို့ ထဲရှိ လမ်းမများ ပေါ်တွင်လည်း ရန်ကုန်စည်ပင်သာယာရေး ကော်မတီ၏ ပြည်သူများ အပေါ်ထားရှိသော စေတနာကြောင့် ကျွပ်ကျွပ်အိတ်နှင့် အမှိုက်များသည် ဧရာဝတီမြစ်အတွင်းခုတ်မောင်း သွားလာနေသော သင်္ဘောများကဲ့သို့ ပေါလောမျောပါ ခရီးနှင်နေကြပါသည်။ ယခုကဲ့သို့ မိုးသည်း ထန်စွာရွာသွန်းသဖြင့် ၂၀၁၀ရွေးကောက်ပွဲတွင် ပါဝင်အရွေးခံမည်ဟု ကြုံးဝါးထားသော (လမ်းတစ်ဝက် တစ်ပျက်ခင်း အောင်သိန်းလင်း) သည်လည်း သူ၏လက်အောက်ခံ စည်ပင်ဝန်ထမ်းများအား ရေစီးရေလာကောင်းမွန်ရေး ၊ အမှိုက်သရိုက် ရှင်းလင်းသိမ်းဆည်းရေးများကို (လုံးဝ) မညွှန်ကြားသေးပါကြောင်း သတင်းရရှိပါသည်။

လေးစားဦးညွှတ်လျှက်

Burma Paparazi

အပေါ်မှာပြောနေပါတယ်...

1 comment:

  1. really good words ...really really good

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။