Pages

Wednesday, May 12, 2010

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုအကျိုးပြုလုပ်ငန်းများ...

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မျက်ကြည်လွှာလှူဒါန်းခြင်း

၂၇ - ၄ - ၂၀၁၀

လူတစ်ယောက်အတွက် မျက်စေ့တစ်စုံသည် ကြီးမားသော တန်ဖိုးသတ်မှတ်မှု အရပ်ရပ်တွင် တစ်ခု အပါအ၀င် ဖြစ်သည်။ အထူးသဖြင့် ပညာရပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများ၊ စာသင်စာချ ရဟန်း သံဃာတော်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ကျောင်းဆရာ/မများ၊ ကာယလုပ်သား၊ ဉာဏလုပ်သား မည်သူမဆို လူ့အဖွဲ့အစည်းအတွင်းမှ လူထု လူတန်းစားအလွှာ အသီးသီးအတွက် မျက်စေ့ အမြင်အာရုဏ် ချို့ယွင်းမှုကြောင့် လူ့စွမ်းအား အရင်းအမြစ်များ အသုံးချရာတွင် တန်ဖိုးအနဲနှင့် အများတော့ ယုတ်လျော့စေတာ အမှန်ပင် ဖြစ်သည်။

မွန်မြတ်သော ထိုကွက်လပ်ကို ဖြည့်ဆည်းခြင်း တရပ်အဖြစ် ဇမ္ဗူသီရိ သာသနာ့အကျိုးဆောင် ပရဟိတလူငယ်များအဖွဲ့မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကုသိုလ်ထူး ဖြစ်စေရန် ရည်သန်၍ ပထမအကြိမ်အဖြစ် မျက်ကြည်လွှာလှူဒါန်းပွဲ မင်္ဂလာဒုံဥယျာဉ်မြို့တော် အတွင်းရှိ မဟာဂန္ဓာရုံကျောင်းတိုက်တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ၄င်း အခမ်းအနားကို နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် အသင်းသား အသင်းသူ (၅၂) ဦးတို့အပြင် ပြည်သူဂုဏ်ရည်ဆုရှင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ဆုရရှိခြင်း အထိမ်းအမှတ်အဖြစ် မျက်ကြည်လွှာ လှူဒါန်းခဲ့ပါသည်။

Photobucket

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။