Pages

Wednesday, June 2, 2010

မေလ ၃၀ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြိုရှိ့ တရုတ်သံရုံးရှေ့၌ တရုတ်ဝန်ကြီးချုပ် အားတောင်းဆို ဆန္ဒပြပွဲ သတင်း ဓာတ်ပုံ....

ပြီးခဲ့တဲ့ မေလ ၂၈ရက်နဲ့ ၃၀ရက်နေ့က ဂျပန်နိုင်ငံကို ချစ်ကြည်ရေး အလည်အပတ် ရောက်ရှိလာတဲ တရုတ်ဝန်ကြီးချုပ် မစ္စတာဝမ်ကြားပေါင်အား တောင်းဆိုဆန္ဒပြပွဲကို ဂျပန်နိုင်ငံရှိ လုံခြုံရေး အထူးတင်းကြပ်လှတဲ့ တရုတ်သံရုံးရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်....။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ၊ လွတ်မြောက်ရေး...အတွက် တရုတ်အစိုးရမှ ဖိအားပေးရေး...၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေတို့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးနေဖို့ တရုတ်အစိုးရမှ ဖိအားပေးရေး...၊ မြန်မာဒီမိုကရေစီအရေး အတွက် တရုတ်အစိုးရမှ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ပေးရန်၊ စသည့် အချက်(၆)ချက်အား တရုတ်သံရုံးမှ တစ်ဆင့် ဝန်ကြီးချုပ် မစ္စတာဝမ်ကြားပေါင်အား အိတ်ဖွင့်ပေးစာ ပေးအပ်ခဲ့ပါတယ်။ အဆိုပါနေ့က တရုတ်ဝန်ကြီးချုပ်အား ဂျပန်လူမျိုး အဖွဲ့အစည်းအချို့မှ လာရောက် ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး လုံခြုံရေးများ အထူးတင်းကြပ် ထားခဲ့ပါတယ်။

ဓာတ်ပုံ ...ပေးပို့လာသော ကိုမျိုးဆန်းဦးနှင့် သူငယ်ချင်းများအား ကျေးဇူးတင်ပါသည်။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။