Pages

Sunday, June 13, 2010

အားလုံးသတိ..(ကဗျာ)

A government building in Naypyidaw

အားလုံးသတိ

မြန်မာပြည်သား လူအများကား

စားစရာကမရှိ နေစရာကနာဂစ်ထိ

သောက်စရာကရေမရှိ

ဒါတွေသိ န.အ.ဖ

ဘယ်သူတွေမသာကြွကြွ

သူတို့ကတော့ဟန်ကျ

မြန်မာ့သယံဇာတ

ကျွန်းသစ် ကျောက်သံပတ္တမြား

ဂတ်စ်ငွေ့တွေပါကုန်ုရောင်းစားပြီး

ရလာသမျှ ဒေါ်လာသိန်းသန်းပိုက်ဆံ

န.အ.ဖ ဗိုလ်စုတ်တွေထံ အကုန်ရောက်

ဆောက်လိုက်တဲ့ နေပြည်တော်သစ်

ဘယ်သူတွေ ကျွန်ဖြစ်ဖြစ်

ဇွတ်အတင်းညစ်ကာ

ငါ့အာဏာသာပဓါန ဘယ်သူတွေမသာ ကြွကြွဆိုပြီး

၂၀၁၀ ရွေးကောက်ပွဲ သူတို့နွဲတော့မယ်

အားလုံးသတိ အမြဲရှိကြ

စစ်ကျွန်မဖြစ်ချင်က

တော်လှန်ရေးတိုက်ပွဲ အပြတ်ဆင်နွှဲကြ။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ပေးပို့လာသူ ဦးကင်းအား ကျေးဇူးတင်ပါသည်....။

1 comment:

  1. သဗ္ဗေသတ္တာ ယဒ္ဓ လဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆ န္တု ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။