Pages

Saturday, June 12, 2010

မိုးခပန်းချီပြပွဲ ပြုလုပ်ကျင်းပ၊ စာပေ၊ ပန်းချီ ၊ သရုပ်ဆောင် အနုပညာရှင်များ လာရောက် ကြည့်ရှုအားပေး...

ရန်ကုန် ဇွန် ၁၂ ရက်

ယနေ့နံနက် ၉ နာရီအချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ပုလဲကွန်ဒိုမီနီယံ အခန်းအမှတ် (၀၇ /၀၉)၊ အဆောက်အဦး အမှတ်(စီ)ရှိ မိုးခပန်းချီပြခန်း၌ မိုးခပန်းချီပြပွဲ အမည်ဖြင့် ပန်းချီအနုပညာရှင် ပေါင်းများစွာ၏ ပန်းချီအနုပညာ လက်ရာများကို ခင်းကျင်း ပြသခဲ့ပါသည်။ ပြပွဲကို ဦးစီးကျင်းပ ပေးခဲ့သူမှာ မိုးခပန်းချီပြခန်းပိုင်ရှင် ဦးဘိုဘိုဦးနှင့် ဦးဆန်နီငြိမ်း တို့ဖြစ်ကြောင်း သိရှိရပါသည်။ ပြပွဲကို ဇွန်လ၁၂ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ခင်းကျင်း ပြသသွားမည် ဖြစ်ပါသည်။ ယနေ့ပန်းချီပြပွဲဖွင့်လှစ်ခြင်းအခမ်းအနားသို့ စာပေအနုပညာရှင်များ၊ ပန်းချီအနုပညာရှင်များ၊ သရုပ်ဆောင်အနုပညာရှင် အချို့လည်း တက်ရောက် ကြည့်ရှု အားပေးခဲ့ကြပါသည်။ စာရေးဆရာအဏ္ဏ၀ါစိုးမိုး၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ အကယ်ဒမီဆုရှင်၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက်၊ ပန်းချီဖေစိုးအောင်၊ သီချင်းနှင့် ကဗျာဆရာ သော်ဒီဝေ၊ မကြာသေးမှီ အချိန်က ရမည်းသင်း အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာခဲ့သော ကဗျာဆရာ
ကိုစောဝေ စသည့်အနုပညာရှင်ပေါင်းများစွာ တက်ရောက် အားပေးကြည့်ရှုခဲ့ ကြပါသည်။

လေးစားဦးညွှတ်လျှက်

ရဲရဲတောက် Burma Paparazi


No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။