မော်ကွန်းဝင်အတွက် ပေးဆပ်မှု
ဗိုလ်မှူးမင်းလွင် (ငြိမ်း) (ဒါးပိန်မြို့)၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်)၊ နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်)၊ ဦးစီးအရာရှိ(ပ) ပညာသည်(ငြိမ်း)၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း။ အသက် (၈၈) နှစ် သည် ၁၅.၆.၂၀၁၀ (အင်္ဂါ) နေ့တွင် ကွယ်လွန်သွားပါသဖြင့် ကွယ်လွန်သူ၏ ဆန္ဒအရ ၁၆.၆.၂၀၁၀ (ဗုဒ္ဓဟူး) နေ့ ညနေ (၃း၀၀) နာရီတွင် ဗဟန်းမြို့နယ် ဇီဝိတဒါနသံဃာ့ဆေးရုံမှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူကိုယ်တိုင် နိဗ္ဗာန်ယာဉ်အား မောင်းနှင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများက မိသားစုနှင့် အတူ လိုက်လံပို့ဆောင် မီးသဂြိုင်္လ် ပေးခဲ့ကြပါသည်။
သတင်း၊ဓာတ်ပုံ ဦးကျော်သူအား ကျေးဇူးတင်ပါသည်။
ဓာတ်ပုံ (Burma Today)မှ ကူးယူပါသည်။
ယနေ့မြန်မာမှ သတင်းအား ကူးယူ ဖော်ပြပါသည်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရံတော် ဗိုလ်မင်းလွင် ကွယ်လွန်
ယနေ့မြန်မာမှ သတင်းအား ကူးယူ ဖော်ပြပါသည်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရံတော် ဗိုလ်မင်းလွင် ကွယ်လွန်
ဓာတ်ပုံ (Burma Today)မှ
ဝမ်းနည်းခြင်း
ကိုမော်ကြီး၏ ဖခင် ဗိုလ်မှူးမင်းလွင် ကွယ်လွန်ကြောင်းသိရပါသဖြင့် မိသားစုနှင့်အတူ ၀မ်းနည်းရပါကြောင်း။။
အလင်းအိမ် မိသားစု
တိုကျို - ဂျပန်
No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။