Pages

Thursday, June 24, 2010

ကြံ့ဖွံ့ပါတီ မတရားမဲဆွယ်ပြီ..

ကြံ့ဖွံ့ပါတီ မတရားမဲဆွယ်ပြီ

ရှမ်းပြည်မြောက်ပိုင်း မှာ ရှိတဲ့ ကျေးရွာ တချို့မှာ ကြံ့ဖွံ့ပါတီကနေ အသက်(၁၀)နှစ်ကျော်အထက် မည်သူမဆို အားလုံးကို ဖောင်( Form)ပုံစံနှင့်ပါတီ ကဒ် တွေကိုပေးဝေပြီး မဝင်မနေရ စနစ်နဲ့ မဲဆွယ်စည်းရုံးနေတယ်ဆိုတဲ့ အကြောင်းကို ခိုင်လုံတဲ့ သတင်းရပ်ကွက်က ပေးပို့ လာပါတယ်ခင်ဗျာ။

အကြောင်းစုံမှာ- ကြံ့ဖွံ့ပါတီမှတဆင့် ကျေးရွာ အဆင့်ဆင့်ရှိ ရယကများ ထိုမှတဆင့် ရွာသူ၊ရွာသားတွေ ကိုဖောင်နှင့်ကဒ်ပုံစံများ ပေးဝေကာ ကြံ့ဖွံ့ပါတီသို့ မဝင်မနေရ ပုံစံမဲဆွယ်စည်းရုံးနေကြောင်း ကြားသိရပါသည်။ ထိုပြင် ကြံ့ဖွံ့ပါတီကို ဝင်ထားပြီးသူများ ဘယ်ပါတီကိုမှ ဝင်ရောက်ခွင့်မရှိကြောင်းပြေတယ်လို့သိရပါတယ်။

တခြားပါတီများ စည်းရုံးမှုမဆင်းမှီ ကျေးရွာများ ရှိ ကျေးရွာ ရယက များမှတဆင့် ပါတီစည်းရုံးရေးကို လက်ဦးမှု ရယူနေချင်းဖြစ်ပါကြောင်းနှင့် ဤသို့သော အကြောင်းအရာများကို အများပြည်သူများ အမှန်ကိုသိရှိစေရန် ရှမ်းပြည်နယ်မှ ကျွန်တော်တို့ အမာခံမှ သတင်းပေးပို့ လာပါတယ်။ ပူတွဲပါဓါတ်ပုံများမှာ ရွာသူ၊ရွာသားတွေ ကို ဖောင်ဖြည့် ရန်အတွက် ပေးဝေထားသော ဖောင်ပုံစံနှင့် ကဒ်ပုံစံ များဖြစ်ပါသည်။

သတင်းပေးပို့ပေးသော မိတ်ဆွေနှင့် ၀၀၉ အား အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

ဤသတင်းကို ဖြန့်ဝေပေးကြပါရန်...။ကျေးဇူးတင်ပါတယ်။



ပေးပို့လာသူ ငွန်ငယ်မိုး အားကျေးဇူးတင်ပါသည်။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။