အစ်ကိုဒီမိုရေ ကျွန်တော် မရေးတတ်ရေးတတ်နဲ့ ရေးလိုက်တဲ့ စာလေးကို အကို ပြန်ပြင်ပြီးတင်ပေးပါ.. အစ်ကို ဒီမိုရေ ကျွန်တော်တို့ နိုင်ငံမှာ လောကပါလ တရားတွေ ပျောက်ဆုံးနေပါပြီ။ အဓိကကတော့ တိုင်းပြည်မှာ တစ်နေ့ထက် တစ်နေ့ဆင်းရဲတွင်း နက်လာတာနဲ့ အတူဖြစ်ပေါ်လာတဲ့ စာရိတ္တပျက်ပြားမှုတွေပေါ့...။
နေရာတိုင်းမှာ အကျင့်ပျက် လာဘ်စားမှုတွေ နေရာအနှံပါပဲ။ အောက်ခြေဝန်ထမ်းတွေရဲ့ ဘဝတွေပေါ့။ ကျွန်တော် အင်းစိန် မီးရထားစက်ခေါင်းစက်ရုံမှာ တာဝန်ကျတုန်းကပေါ့.. နေ့စဉ်နဲ့အမျှ တိုးတက်နေတဲ့ ကုန်ဈေးနှုန်းကို လိုက်မှီဖို့အတွက် အောက်ခြေဝန်ထမ်းတွေ အကျင့်ပျက် လာဘ်စားကြတော့တာပါပဲ။ နိုင်ငံခေါင်းဆောင်ဆိုတဲ့ အထက်ကစပြီး ခိုးလိုက်ကြတာ အောက်ခြေအထိပါပဲ။ တိုင်းပြည်လည်း ဘာမှမရှိတော့ပဲ ခါလီဖြစ်နေပြီ။ ကျွန်တော်တို့ အင်းစိန် မီးရထားစက်ခေါင်း စက်ရုံမှာ အရင်တုန်းက ဦးနုခေတ် ပြည်တော်သာ စီမံကိန်းက ဝယ်ထားတဲ့ အင်မတန်ကောင်းတဲ့ စက်တွေ၊ တွင်ခုံတွေ အများကြီးပါ။ အခုတော့ တွင်ခုံဆိုလည်း (၃)လုံးပဲ ကျန်တော့တယ်။ တစ်ခုပြီးတစ်ခု ဖြူတ်ရင်းဖြုတ်ရင်းနဲ့ ဟိုဟာယူ ဒီဟာခိုးးရင်းနဲ့ အဲ့ဒါပဲကျန်တာလေ။ အလုပ်သမားတွေ အလုပ်ဆင်းလို့ အိမ်ပြန်ရင် ရှိသမျှ သံတိုသံစတွေကို ရင်ဘတ်မှာ ချည်ပြီးတော့ သယ်ကြတာ။ တစ်ဦးကို (၁၅)ပိဿာ လောက်ရှိမယ်။ စက်ရုံတာဝန်ကျ လုံခြုံရေးနဲ့ ပေါင်းပြီးထုတ်တာလေ။ အဲ့လို ရင်ဘတ်မှာ စည်းပြီးသယ်လာတဲ့ ဝန်ထမ်းတွေ အလုပ်ပြီးလို့ ပြန်ထွက်လာရင် ရင်ကိုမှတ်ပြီး ခေါင်းကိုမော့ပြီးထွက်လာတာလေ စက်ရုပ်တွေ လမ်းလျှောက် သလိုပေါ့။ အဲ့မှာ အပေါက်စောင့်လုံခြုံရေးက ဥသြဆွဲပေးလိုက်ရင် ထွက်လို့ရပြီလေ။ အပြင်မှာ သံတိုသံစ ဝယ်တဲ့ ကုလားက အဆင်သင့်စောင့်နေတာ... နိုင်ငံခြားငွေနဲ့ ဝယ်ထားတဲ့ သံပစ္စည်းတွေက ကုလားဆီမှာ ပြန်ရောင်းတော့ ဘယ်လောက်မှ ရတာမဟုတ်ဘူးလေ။ ဒီလိုနဲ့ပဲ ခွဲဝေယူပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေကြတာ တစ်ခါတစ်လေ အထက်က လူကြီးမိရင် ပြုတ်သူပြုတ် ဖမ်းခံရသူ ဖမ်းခံရပေါ့။
အလားတူပဲ ဆင်မလိုက် သင်္ဘောကျင်းမှာလည်း ဒီအတိုင်းပဲ .. သင်္ဘောဆောက်ဖို့ သံတွေချပေးလိုက်ရင် ဒီမှာ သင်္ဘော မဆောက်ရသေးဘူး ပိုမယ့် သံတိုသံစတွေကို တွက်ချက်ပြီး ယူပြီးနေပြီလေ။ ဥပဒေအရဆိုရင် သံတိုသံစတွေက ပိုရင်တောင် စက်ရုံပိုင်နက်ထဲမှာပဲထားရမှာ။ အဲ့ဒီတော့ သင်္ဘောက အပိုအလိုမရှိ အတိအကျဆောက်တဲ့ သဘောပေါ့။ မလောက်ရင် ခိုတဲ့နေရာမှာခိုကြပြီပေါ့။
နောက်အရင်တုန်းက ကျောက်မီးသွေး ဘွိုင်လာစက်ခေါင်းပျက်တွေ အများကြီးပါ။ နောက်စက်ရုံက ကောင်းတာတွေ ပြန်စုပြီး ပြန်ပြင်လိုက်တာ စက်ခေါင်း(၂)လုံး ထွက်လာတယ်။ အဲ့ဒီစက်ခေါင်း(၂)လုံးကို နိုင်ငံခြားခရီးသည်တွေ စီးရအောင်ဆိုပြီး မီးရထားဋ္ဌာနကို ပို့လိုက်ပါတယ်...။ မြို့ပတ်ရထားလိုင်းမှာ နိုင်ငံခြားသားတွေ စီးရအောင်ဆိုပြီး တစ်ဦးကို တစ်ခါစီး(၁၀) ဒေါ်လာကျတယ်။ အစ်ကိုရာ စဉ်းစားကြည့် မြန်မာပြည်က မြို့ပတ်ရထားလိုင်းက နိုင်ငံခြားသားတွေ စီးရအောင် ပတ်ဝန်းကျင်က ရှု့ခင်းကကောင်းတာကိုး အကိုတို့လည်း သိမှာပါ... အဲ့ဒီတော့ စီးမယ့်သူလည်း မရှိတော့ဘူးလေ။ အဲ့ဒီစက်ခေါင်း(၂)လုံးကို တရုတ်ပြည်က လိုချင်တယ်ဆိုလို့ မူဆယ်ဘက်ကနေ သွားပို့ပေးရတယ်...။ တရုတ်ဘက်က ပြန်ပေးလိုက်တာ သုံးစားလို့ မရတဲ့ ကားရထား တွေလေ..။ ဒီကားရထားဆိုတာ ပြည်တွင်းမှာတောင် လုပ်လို့ရနေတာ...။ ကျွန်တော်တို့တွေက ခံရတာပေါ့.. ဒီရထားခေါင်းတွေက သမိုင်းအမွေအနှစ်တွေလေ...။ အဖိုးတန်ရှားပါး ပြည်သူပိုင် ပစ္စည်းတွေပေါ့.. တန်ဖိုးထားလို့ ထားရကောင်းမှန်း မသိတဲ့ ငတုန်းစစ်အစိုးရလေ။
နောက်တစ်ခုက ဆင်းရဲနွမ်းပါးမှုတွေ စားဝတ်နေရေး ကြပ်တည်းမှုတွေရဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့ အရင်ဘုရား၊ ကျောင်းကန်တွေမှာ ဘေးမဲ့ပေးထားတဲ့ ငါး၊ လိပ်၊ ကြက်၊ ငှက်တွေ ပျောက်ခြင်းမလှ ပျောက်ကုန်တာပါပဲ။ အဓိကကတော့ ဘေးမဲ့ ကန်တွေမှာ လိပ်တွေ ပျောက်ဆုံးကုန်တာ မရှိတော့တာပါပဲ။ လိပ်တွေကို ဘုရားလုံခြုံရေးနဲ့ မသမာသူတွေပေါင်းပြီး ဘေးမဲ့ ကန်တွေကနေ ခိုးထုတ်ကြတာပါပဲ... ပြီးရင် ရောင်းစားကြတာလေ.... ရန်ကုန်မြို့ရဲ့ အထင်ကရ ဘုရားကြီးတစ်ခုက ဘေးမဲ့ကန်မှာ လိပ်တွေ မရှိသလောက် ဖြစ်နေပြီလေ.. သွားကြည့်ရင် သိနိုင်ပါတယ်။ (စကားချပ် .. ပေးပို့လာသူမှ စေတီတော်အမည်နှင့် တကွ ဖော်ပြထားပါသည်။) အဲ့လိုပဲ ရှားပါးသတ္တဝါတွေ ပျောက်ခြင်းမလှ ပျောက်ကုန်ပါပြီ။
နောက်သစ်တောတွေထဲမှာ နေထိုင်နေတဲ့ ဆင်၊ကျားတွေလဲ ခိုးသတ် ရောင်းစားကြလို့ ကုန်သလောက်ရှိနေပြီ ... ပြီးခဲ့တဲ့နှစ်က ပဲခူးတိုင်းအတွင်းက တောထဲမှာ ဆင်နှစ်ကောင်ကို သတ်ဖြတ် အစွယ်ဖြတ်ပြီး ချောင်းထဲမှာ ဒီအတိုင်း မျောထားတာ.. အင်မတန်မှ ကြေကွယ်ဖွယ်ရာ မြင်ကွင်းပါပဲ.. နောက် ကျားလဲနေစရာမရှိ.. ကျားရေခွံ အပြစ်အနာအစာ မရှိရင် သိန်းရာကျော် ရတော့.. သတ်ဖျက်ပြီး... ယိုးဒယားဘက်မှာ သွားရောင်းကြတယ်။ ဟိုမှာအစာသွပ်ပြီး ယိုးဒယားမှာ အရေခွံကို အစာသွပ်ပြီး အိမ်တွေမှာ အလှထားကြတာကိုး..။ ပြောပြန်ရင်လည်း ပြောစရာ ရေးစရာတွေ အများကြီးပါ။ နေရာတိုင်းမှာ အကျင့်ပျက်နေတာ ကိုဒီမို..။ တိုင်းပြည်မှာ ဘာတွေတိုးတက်တယ် ... ညာတွေတိုးတက်တယ်.. လျှောက်အော်နေတာ ..တကယ်တော့ အတွင်းပိုင်းမှာ ချစားပြီး ဖြစ်ချင်တိုင်း ဖြစ်နေတာ...။ ကြာလေ စာရိတ္တတွေ ပျက်လေပဲ အကိုရေ...။ အမဲတစ်ကို ခွေးဆွဲသလို ဝိုင်းဖျက်နေကြတာ.....။ အပေါ်က ဗိုလ်ချုပ်တွေက အဝစား.. အပြတ်ယူ အောက်ခြေက အရိုးအရင်းထပ်ကိုက်နဲ့ ကုန်နေပြီလေ....။ နောက်တက်လာမယ့် စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရတွေတော့ တော်တော်ပြင်ယူရမယ်။ ခေါင်းတော်တော်ခဲမယ့် ကိစ္စတွေပေါ့။ အမြီးရ အမြီးစား ခေါင်းရ ခေါင်းစားတွေလေ....။ အစ်ကို ဒီမိုရေ လောလောဆယ်တော့ ဒီအကြောင်းအရာတွေ ဖော်ပြပေးပါဦး. နောက်ကျန်တာတွေ ကျွန်တော် အချိန်ရရင် ထပ်ပို့ပေးပါမယ်။
လေးစားစွာဖြင့်
ပြည်သူ့ဝန်ထမ်းတစ်ဦး
ဆင်းရဲမွဲတေမှုနဲ့ အတူ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေပါပဲ... တိုင်းပြည်ဟာ ရှေ့ကိုမသွားပဲ နောက်ပြန်ဆွဲနေပါပြီ။ လွဲမှားတဲ့ ဝါဒဖြန့်ကိန်းဂဏန်းတွေ အစီရင်ခံစာတွေ အောက်မှာ ကျွန်တော်တို့ တိုင်းပြည်ဟာ တဖြည်းဖြည်းနဲ့ လုံးပါးပါးနေတာပါ..။ လက်တွေ့မှာ အမှန်တကယ် တိုးတက်မှုရှိမရှိ ဆိုတာဒီ နအဖခေါင်းဆောင် ဆိုသူတွေ အသိဆုံးပါ။ အာဏာရှင်စံနစ်အောက်မှာ ပြည်သူတွေ စားဝတ်နေရေး ခက်ခဲမှုတွေနဲ့အတူ စာရိတ္တတွေဟာ ကြောက်ခမန်းလိလိ ပျက်ဆီးနေပါပြီ။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ မတွေးရဲ စရာပါပဲ...။
ကိုဒီမိုရေ..
ReplyDeleteမတွေ့တာ ကြာနေပြီ.. ဘလော့လေး အောင်မြင်မှုအတွက် အမြဲ ဝမ်းသာအားရရှိနေပါတယ်..
မြန်မာပြည်ကလာတဲ့ စာတွေအားလုံးလည်း ကောင်းပါတယ်...
အခု တင်ထားတဲ့ ပို့စ်လေးက စာနဲ့ တင်ထားတဲ့ ပုံလေး လွဲနေတာလေး ကြည့်ရတာ တမျိုး ဖြစ်နေလို့ပါ.. တကယ်တော့ ဒီပုံက ရှမ်းပြည်မြောက်ပိုင်းက (မြန်မာ့ဘော်တွင်းကော်ပိုရေးရှင်း) ပုံပါ..
ခင်မင်စွာ
မြန်မာပြည်မြောက်ပိုင်း ပူတာအို ဒေသ မှာ ကမ္ဘာပေါ်မှာ ရှားပါးမျိုးစိတ် သားမင်း ဆိုတဲ့  အကောင် ၇ှိပါတယ် ၇ှားပါး မျိုးနွယ် ပူတာအို အော်ရီဂျင်နယ် သစ်ခွနက် ဂျပန် က သစ်ခွ ပြတိုက် နေ၇ာလေးတွေ မှာတခေါတလေ သစ်ခွနက် မြန်မာပြည် ဆို ပီးတွေ့ တတ်ပါတယ်.
ReplyDeleteနောက် ရှားပါးလိပ်ပြာမျိုးစိတ် တွေ အင်းဆက်တွေ၇ှိပါတယ်
မယောင်ရာ ဆီလူးတတ်တာကို ကျင့် သားကြနေတဲ့  ၀န်ထမ်းတွေ ရဲ့  စိတ်ဓတ်ကြောင့်  တန်ရာတန်ကြေးမရပဲ အကောင်ကြီးတဲ့ သားမင်းကလွဲံ၇င် ကျန်တာတွေ ဟာ နယ်စပ်ကို တိုင်းရင်းသားတွေ ခိုးပီးသယ်ပီးသွားေ၇ာင်းနေတာတွေဟာ မတန်မ၇ာ ဈေးတွေနဲ့ ပဲ ပေါ့
လာလည်တဲ့ နိုင်ငံခြားသားက အင်းဆက်လေးနည်းနည်း ပုလင်းလေးထဲထည့် ပီးသယ်ရင် လေဆိပ်မှာ ( ကျန်ခဲ့ သောနှစ်များစွာ က ကြယ်လိပ်တွေကို အများကြီးသယ်တဲံ့  ပုံစံကတော့ အတော် ရုပ်ဆိုးပါတယ်)
အတော် စကားပြော အသိမ်းခံရပါတယ် .
သေပီးသားမျိုးစိတ်ကို သူတို့ သိမ်းပီး ပီးတော့ ရော အမှိုက်ပုံးထဲေ၇ာက်သွားမှာပါပဲ
အဲ့ လို နဲ့  နောက်ပေါက်က နေ ပလိုင်းကြီးငယ်နဲ့ ထွက်သွားတာတွေကိုကြတော့ သူတို့ လျစ်လျူ၇ှုနိုင်ပါတယ်
ရထားတွေ ဆို၇င်လည်း ကြံခင်းမဒေါက်လမ်း တွေ မှာ ကြံတင်တဲ့  ဒီမီး၇ထားစက်ခေါင်းတွေကို ကြည့် ရဖို့ ကို နိုင်ငံခြားသားတွေ မနည်း ကို စောင့် ယူ တန်ဖိုးထား ပီး ကြည့် ရတာတွေ က နိုင်ငံခြား ငွေ ရ ရှိနိုင်တဲ့ အ၇ာတွေ ပါ
မီးရထားကနေ ရထားတွဲစီးလုံးငှါး၇င်လည်း တတွဲစာကို ခ၇ီးစဉ်ပေါ်လိုက်ပီး
ဒေါ်လာ ၁၅၀၀ ကနေ ၃၀၀၀ ကြားမှာ၇ှိပါတယ်..
အခုလို တရုတ်စက် တ၇က်စုတ်တွေ ပို့လာလိုက်ပီး သူတို့ အဖေတွေ က သမိုင်းဝင်တွေ ကိုသယ်သွားတယ်......နအဖ က သိတဲ့ အတိုင်း ခေါင်းမှ မ၇ှိတာ
ခေါင်းမရှိတဲ့ သူတွေရဲ့ စနစ်မှာ ကြီးပြင်းရတဲ့ ပြည်သူကတွေ က ဒီလို အကျင့် တွေ ပျက်ကုန်တာဟာ ခေတ်ဆိုးကြီး ကိုပဲ လက်ညှိုးထိုးရ တော့မှာပါပဲလား
စနစ် ကြောင့်  ဒီလို ခေတ်ကိုဖြစ်သွားတာလေ
အားပေးလျှက်
ဟုတ်ကဲ့ ကျေးဇူးပါ.. ကျွန်တော်လည်း စက်ခေါင်းပုံလေး တင်ချင်တာနဲ့ တင်လိုက်တာပါ.. လာရောက် အားပေးနေသူတွေကို အထူး ကျေးဇူးတင်ပါတယ်...
ReplyDeleteKO DE MOE , CONGULATION .I do like your Blog. Very good to post your blog .Brother I want to share came from myanmar letter to facebook .
ReplyDeleteကိုသီဟကျော် ကျေးဇူးတင်ပါတယ်...။ ကြိုက်သလို အသုံးပြုနိုင်ပါတယ် ခင်ဗျာ...
ReplyDelete