ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားရေးရာလက်ထောက် ဦးဝင်းထိန် (၁၉၆၃ စစ်တက္ကသိုလ် အပတ်စဉ်(၅)ဆင်း၊ အောင်စစ်သည်/ လေ့ကျင့်ရေးထူးချွန်/ စာပေထူးချွန် - ဆုသုံးဆုလုံးရသူ) ကသာထောင်မှ လွတ်မြောက်လာပါပြီ။
ဦးဝင်းထိန်သည် ၁၉၇၆ ဗိုလ်ကြီးအုန်းကျော်မြင့်၏ နိုင်ငံတော်လုပ်ကြံမှုတွင် ပါဝင်ခဲ့မှုနှင့် တပ်မတော်မှ ထုတ်ပယ် ခြင်းခံခဲ့ရသည်။ ၈၈၈၈ လူထုအုံကြွကြီးမှုတွင် မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့တွင် ပါဝင်ခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားရေးရာ လက်ထောက်အဖြစ် ထမ်းဆောင်နေစဉ် ၁၉၈၉ ဇူလိုင်လ (၂၀)ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အဖမ်းခံခဲ့ရကာ၊ ထောင်ဒဏ်(၆)နှစ် ကျခံခဲ့ရသည်။
၁၉၉၅တွင် ထောင်မှ လွတ်မြောက်ပြီး ၁၉၉၆ တွင်၊ မြစ်ဝကျွန်းပေါ်ဒေသ လယ်ယာပျက်စီးမှုအခြေအနေများကို ဗီဒီယိုရိုက်ကူးပြီး မမှန်သတင်းထုတ်ပြန်သည် ဆိုသည့် စွပ်ဆွဲချက်ဖြင့် ထပ်မံအဖမ်းခံခဲ့ရပြီး ထောင်ဒဏ်(၁၄)နှစ် ချမှတ်ခံရသည်။ ၂၀၀၈ခုနှစ်တွင် ကသာထောင်မှ လွှတ်ပေးလိုက်ပြီး (၂၄)နာရီ မပြည့်ခင်၊ ပြန်လည်ဖမ်းဆီးပြီး ထောင်ထဲ ပြန်ထည့် ခံခဲ့ရသည်။

ကိုရော်နီငြိမ်း
No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။