Pages

Saturday, July 17, 2010

တောင်ကြီးမြို့ ကွန်ပျူတာ ကျောင်းသားများရဲ့ ကံကြမ္မာ..

Taunggyi Computer UNI
ပြိုကျသွားသော.. ဆောက်လက်စ တောင်ကြီးကွန်ပျူတာတက္ကသိုလ်..

တောင်ကြီးမြို့တွင် အသစ်ဆောက်လုပ်လျှက်ရှိသော ကွန်ပျူတာကျောင်း ပြိုကျမှု ပြီးခဲ့တဲ့ သောကြာနေ့ တွင်ဖြစ်ပွားခဲ့သည်။ စနေနေ့တွင် ကျောင်းဆောက်လုပ်သော ကုမ္ပဏီမှ ပညာရေးဋ္ဌာနသို့ ကျောင်းကို အပြီးသတ် အပ်နံရန် စီစဉ်ထား.ပြီး မအပ်နှံမှီ တရက် အလို ..... ညနေ ၆ နာရီခန့်တွင် အခုပုံပါအတိုင်း ကျောင်းကြီးပြိုကျ သွားခဲ့ပါတယ်။ ဘာကြောင့်ပြိုကျသွားခဲ့သည်ကို.. လိုက်လံစုံစမ်းဆဲ. ဖြစ်ပြီး.... အရေအသွေး ပြည့်မှီသော အသုံးပြုတဲ့ ဘိလပ်မြေ အုတ်သဲ သံ၊ သွပ်၊ ထုံးစာရင်းများကို ကြည့်ရာတွင်လည်း အားလုံးကိုက်ညီပြီး.. ကျောင်းကြီး ပြီးစီးအောင်မြင်ရန် နိုင်ငံတော် အကြီးကဲများ ၊ ဆောက်လုပ်ရေး ကုမ္ပဏီများ.၊ ကြီးကြီးငယ်ငယ် အင်ဂျင်နီယာများ.၊ အောက်ခြေအလုပ်သမားများက လည်း အားကြိုးမာန်တက်.စွမ်းစွမ်းတမံ မနေမနား. ကြိုးစားပမ်းစား အားထုတ်ခဲ့ကြပါသော်လည်း.. ယခုလို အဖြစ်ဆိုးဖြစ်ကြုံခဲ့ရကြောင်း ပြိုကျသွားသော အဆောက်ဦးအား ကုမ္ပဏီမှ ပြန်လည်ပြင်ဆင်ပြီး အပ်နှံမည်ဟု ဆိုရာ ပညာရေးဖက်က လက်မခံဟုလည်း ကြားသိရပါတယ်. . ယခုလို ဖြစ်ပြီး တကျောင်း လုံး ပြိုကျ သွားနိုင်စရာရှိ ကြောင်းပြောဆိုပါတယ်။

Taunggyi Computer UNI
ဝန်ကြီးရောက်ရှိလာပြီး အစည်းဝေးထိုင်ပြီး ပြိုကျရခြင်းအကြောင်းကို အဖြေရှာကြည့်ရာ.. ကျောင်းအောက် တည့်တည့်တွင် ရေကြောကြီး ရှိနေသည်ဟု ကျွမ်းကျင်သူ ဆောက်လုပ်ရေး အင်ဂျင်နီယာကြီးများမှ မှတ်ချက်ချပါတယ်. ။ ကျောင်းမဆောက်ခင်က ရေကြောကိုတော့ ရှိမရှိ မသိခဲ့ကြကြောင်း အဆိုပါ အင်ဂျင်နီယာကြီးများမှ. ပြောကြားခဲ့ပါတယ်။ အစည်းဝေးပွဲ နောက်ဆုံးတွင် အဖြေတစ်ခုကို အားလုံးမှ တူညီစွာ လက်ခံသဘောတူ လိုက်ကြကြောင်း ....

ထွက်ပေါ်လာတဲ့ အဖြေမှာ

ကျောင်းသူ၊ ကျောင်းသားများအပေါ် နိုင်ငံတော်ဘက်မှ စေတနာမှာလည်း ပြောဖွယ်ရာမရှိ မြင်တွေ့နိုင်ကြောင်း။ ယခုလို တောကြီးမျက်မဲထဲတွင် ပညာကို အေးဆေးတည်ငြိမ် အဆင့်မြင့်စွာ သင်ကြားနိုင်ရန် လူသူ အရောက် အပေါက်နည်းသော နေရာမှာပင် ကျောင်းကြီးကို ဆောက်လုပ်ခွင့် ပေးထားသည်ကို ကြည့်ခြင်းအားဖြင့် သိမြင်နိုင်ကြောင်း။ ဆောက်လုပ်သူ ကုမ္ပဏီဖက်မှ ကြည့်ရင်လည်း. အရည့်သွေးမြင့် ပစ္စည်းများဖြင့်သာ ရေရှည် တည်တံအောင် ဆောက်လုပ်ခဲ့ကြောင်း။ စာရင်းဇယားများကို ကြည့်ခြင်းဖြင့်သိနိုင်ပြီး ဘယ်အချိန်မဆို လာရောက် စစ်ဆေးနိုင်ကြောင်း... အင်ဂျင်နီယာများ၊ အလုပ်သမားများ ဘက်ကကြည့်လျှင်လည်း စေတနာ ၊ မေတ္တာ၊ ဂရုဏာ မှာထင်သာ မြင်သာကြောင်း.. ထို့ကြောင့်. ကျောင်းဆောက်လုပ်ပြီး ပြိုကျရာတွင် ပြောစရာ မရှိကြောင်း.. ဒီကျောင်းတွင် တက်ရောက်နေသော ကွန်ပျူတာ ကျောင်းသူ/သား များကံဆိုးလွန်းလို့သာ ဖြစ်နိုင်ကြောင်းကို အားလုံးသဘောတူညီ ခဲ့ကြ...

နောက်ဆက်တွဲ

- ထိုကျောင်းပေါ်တွင် တက်ရောက်စာသင်ကြားရတော့မည့် ကျောင်းသူ /သားများ (တရုတ်နိုင်ငံတွင် ကျောင်းပြိုကျပြီး အစုလိုက်အပြုံလိုက် သေကြရသော အဖြစ်ကို အမှတ်ရကာ) လွန်စွာ ထိတ်လန့် တုန်လှုပ်လျှက်ရှိပြီး - အန္တရာယ်ရှိသောကြောင့် ပြိုကျသွားသော ကျောင်းအနီးသို့ မည်သည့် သက်ရှိသတ္တ၀ါမှ မလာရောက်ရဟု ဆိုင်းဘုတ်တပ်ထား. တာကိုတွေ့ရှိရပါတယ်။

ပေးပို့လာသူ အားလုံးအား ကျေးဇူးတင်ပါသည်။

1 comment:

  1. I realized that this building roof slab from start failure because of the cantilever & may be wrong at the steel position .

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။