Pages
Saturday, July 24, 2010
ဒီပဲယင်း တရားခံ စက်မှု(၁) ဝန်ကြီးဦးအောင်သောင်းရဲ့ စံအိမ်တော်အကြောင်း တစ်စေ့တစ်စောင်း....
ဓာတ်ပုံကတော့ ယခင်စက်မှု(၁) ဝန်ကြီး ဦးအောင်တောင်းနဲ့ လက်ချင်းချိတ်နေတဲ့ တရုတ် စက်မှုကိုယ်စားလှယ်အဖွဲ့
စက်မှု(၁)ဝန်ကြီး အောင်သောင်း နေထိုင်တဲ့ နန်းတော်သမျှ ခမ်းနားတဲ့ နေအိမ်အကြောင်းကို (Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့) အတွင်းသိမှ ပေးပို့လာတာကို တင်ပြလိုက်ရပါတယ်။
ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမှုကြီး အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန် ကြံစည်ခဲ့သူတွေထဲက အဓိက တရားခံ ဖြစ်တဲ့ စက်မှု(၁)ဝန်ကြီးအောင်သောင်းဟာ ပြည်သူဘဏ္ဍာငွေတွေနဲ့ မသထာရေစာစားပြီး ဆောက်လုပ် နေထိုင်တဲ့ အိမ်ကတော့ နန်းတော်တမျှ ခမ်းနားပါတယ်။ အင်းစိန်လမ်းမပေါ်ကနေ ကြည့်လိုက်ရင် ဦးအောင်သောင်းရဲ့ အိမ်ကိုလှမ်းမြင်ရပါတယ်။ လှိုင်ရတနာမွန်အိမ်ယာရဲ့ ထိပ်ဆုံးထောင့်ကခြံပါ ... လှိုင်ရတနာမွန်အိမ်ယာ ဧရိယာရဲ့ တစ်ဝက်ကျော်လောက်ရဲ့ အကျယ်အဝန်းက ဦးအောင်သောင်းရဲ့ ခြံအကျယ်အဝန်းပါပဲ။ လမ်းရဲ့ တဘက်ခြမ်းမှာတော့ ယခင် ဘိန်းဘုရင်ဟောင်းခွန်ဆာရဲ့ အိမ်ရှိပါတယ်။ ခြံအကျယ်အဝန်းကတော့ တော်တော်လေး ကျယ်ဝန်းပါတယ်။ အုတ်တံတိုင်းကတော့ လူနှစ်ရပ်စာရှိပြီး အုတ်တံတိုင်းမှာ ကပ်ထားတာကတော့ Granite ကြွေပြားတွေပါတဲ့.. ဟိုတယ်ကြီးတွေမှာသာ အသုံးပြုနိုင်တဲ့ ကျောက်တောင်ကနေ အချပ်လိုက် ဖြိုချရယူရတဲ့ ဈေးကြီးတဲ့ ကျောက်ပြားတွေကို ခြံပတ်ပတ်လည်မှာ ကပ်ထားပါတယ်။ ခြံတစ်ခါးကတော့ ဟိုက်ဒရောလစ်နဲ့ ဖွင့်ရပါတယ်.....။
ခြံထဲဝင်လိုက်ရင် ညာဘက်မှာ ကားဂိုဒေါင်ရှိပါတယ်။ ကားဂိုဒေါင်ရဲ့ အကျယ်အဝန်းဟာ မျက်နှာစာကြီးပဲ ပေ(၃၀)ရှိပါတယ်။ ကားတွေကြီးပဲ (၁၀)စီးကျော်ရှိပါတယ်။ ကားဂိုဒေါင်ရဲ့ ဘေးမှာတော့ ဦးအောင်သောင်း ပျင်းရင်ရိုက်ဖို့ အတွက် ဂေါက်ကွင်းရှိပါတယ်။ ဂေါက်ကွင်းရဲ့ ဘေးမှာတော့ ဦးအောင်သောင်း မိန်းမ ဒေါ်ခင်ရီရဲ့ သစ်ခွခြံရှိပါတယ်.... ဒေါ်ခင်ရီ အလှစိုက်တဲ့ သစ်ခွခြံဟာ နိုင်ငံခြား သစ်ခွမျိုးတွေကို မှန်လုံခန်းနဲ့ လုပ်ထားပြီး အထဲမှာ အဲယားကွန်းတွေ အပြည့်တပ်ထားပါတယ်။.. ဂေါက်ကွင်းရဲ့ ဘေးမှာတော့ တင်းနစ်ကွင်း တစ်ကွင်း ထပ်လုပ်ထားပါတယ်။ ဒါကတော့ ဦးအောင်သောင်းရဲ့ အိမ်ဝင်ဝင်ခြင်း ညာဘက် အခြမ်းမြင်ကွင်းပါ..။
ခြံရဲ့ ဘယ်ဘက်ခြမ်းမှာတော့ ဦးအောင်သောင်းရဲ့ အိမ်ဆောက်ထားပါတယ်.. ဆင်ဝင်ပေါ်တီခုံမှာ တိုင်လုံးကြီး နှစ်တိုင်ဆောက်ထားပါတယ်။ တိုင်လုံးတွေရဲ့ ထုထည်တွေကတော့ လူနှစ်ဖက်စာရှိပြီး အောက်ခြေကနေ အိမ်ခေါင်မိုးထိ ရှိပါတယ်.. ။ အမြင့်က ပေ(၂၀) ကျော်လောက်ရှိပါတယ်တဲ့..။ ပြီးတော့ အိမ်ရှေ့မျက်နှာစာ ပေါ်တီခုံအောက်မှာ ဈေးကြီးတဲ့ ဂရန်းနိုက်ကျောက်ပြား အနက်နဲ့ အနီအပြည့်ခင်းထားပါတယ်။ အိမ်ရှေ့တည်တည့်မှာ စိန်ပန်းပင် သုံးပင်ရှိပါတယ်..။ အိမ်ရှေ့ ခြံထောင့်မှာ အလှလုပ်ထားတဲ့ ရေတံခွန်နဲ့ ရေကန်လေး ရှိပြီးအဲ့ဒီ ရေကန်ထဲမှာ ဗျိုင်းရုပ်လေးတွေ ရှိပါတယ်...။ အဲ့ဒီရေကန်ဘေးမှာတော့ အပန်းဖြေထိုင်လို့ရတဲ့ တရုတ်ဘုံကျောင်းတွေက ထိုင်ခုံပုံစံ တိုင်လေးလုံးနဲ့ အမိုးပါတဲ့ အပန်းဖြေစရာ နေရာလေးလုပ်ထားပါတယ်။ အိမ်ရှေ့ဆင်ဝင်ကြီးရဲ့ ခေါင်းရင်းဘက်မှာ... ရေကူးကန် တစ်ခုရှိပါတယ်...။
ဦးအောင်သောင်းဟာ ပါဏိတာပါတာကံကို ကျူးလွန်ဖို့ ဝန်မလေးသလို အသူရာ အရက်ကိုလည်း အရမ်းကြိုက်ပါတယ်…. ဦးအောင်သောင်းရဲ့ ခမည်းခမက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးဖြစ်ပြီး ဦးအောင်သောင်းရဲ့ သားသုံးယောက်ထဲက တစ်ယောက်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေး ရဲ့ သမီးနန္ဒာအေးနဲ့ လက်ထပ် ထိမ်းမြားပေးထားပါတယ်။ ဦးအောင်သောင်းရဲ့ သားတွေထဲက တစ်ယောက်က မသထာရေစာ ရတဲ့ ငွေတွေနဲ့ ဘောလုံးပွဲကို အကြီးအကျယ် လောင်းလေ့ရှိပါတယ်။ ဦးအောင်သောင်းဟာ အရက်သောက်ပြီးရင် သူရဲ့ရေကူးကန်မှာ ရေကူးလေ့ရှိပါတယ်….။ ဦးအောင်သောင်းဟာ နေပြည်တော်က ဝန်ကြီးတွေ နေတဲ့ နေရာမှာ အနေများပြီး ဒီအိမ်ကိုတော့ တစ်ခါတစ်လေမှ ပြန်လာပါတယ်။ သူဒီအိမ်ခြံထဲမှာ နေတာကို လူမသိစေချင်သလို အိမ်အဝင်အထွက် ကိုလည်း အထူးအလေးထားပါတယ်။ ဒီအိမ်ဟာလည်း ဦးအောင်သောင်း အငြိမ်းစားယူရင် နေဖို့ဆောက်တာပါ။ (ရန်ကုန်မှာ ရှိတဲ့ စီးပွားရေးသမားတွေကလည်း ဦးအောင်သောင်းကို တောင်းလွန်းအားကြီးလို့ ကွယ်ရာမှာ ဦးအောင်တောင်းလို့ ခေါ်ကြပါတယ်တဲ့ မေးလ်နဲ့ လုပ်ငန်းရှင်တစ်ယောက်က ပို့လာလို့ ဖြည့်စွက်လိုက်ပါတယ်။)
ဦးအောင်သောင်းရဲ့ အိမ်ကို ဝင်သွားတဲ့ အခါမှာတော့ မျက်နှာကျက်မှာ Plaster Board အဖြူရောင် ကော်နစ် တွေနဲ့ အလှဆင်ထားပါတယ်.. အိမ်ထဲဝင်သွားတာနဲ့ ဧည့်ခံကျယ်ကြီးကို စတွေ့ရပါတယ်..။ တော်တော့်ကို ကျယ်တဲ့ ဧည့်ခန်းကျယ်ကြီးပါပဲ.. ဧည့်ခန်းကျယ်ကြီးရဲ့ ဘယ်ဘက်မှာ သူ့သမီးတီးဖို့ စန္ဒယားအကြီးကြီး တစ်လုံးရှိပါတယ်..။ အဲ့ဒီနားမှာ အပေါ်ထပ်ကို တက်တဲ့ လှေကားကျယ်ကြီး တစ်ခုရှိပြီး အဲ့ဒီ့လှေကားရဲ့ အကျယ်အဝန်းက (၇)ပေလောက် ကျယ်ပါတယ်…။ လှေကားကိုတော့ ကျွန်းတွေနဲ့ ပြုလုပ်ထားပြီး လှေကားအထစ်ပေါင်း (၂၂)ထစ်ရှိပါတယ်…။ ကျွန်းတွေအပြည့်နဲ့ လုပ်ထားတဲ့ လှေကားအထစ် တစ်ခုရဲ့အမြင့်က လက်တစ်ထွာလောက် ရှိပါတယ်…။ အဲ့ဒီကတက်သွားပြီးရင် အလယ်နားလောက်မှာ ကျွန်းနဲ့ကျည်းဘောင် ခွေထားတဲ့ အပြင်ကအလင်းရောင်ဝင်နိုင်တဲ့ မှန်ပြတင်းပေါက် အကြီးကြီးတစ်ခုရှိပြီး အဲ့ဒီကနေ လှမ်းကြည့်လိုက်ရင် တင်းနစ်ကွင်း၊ သစ်ခွခြံ၊ ဂေါက်ကွင်းတွေကို လှမ်းမြင်နေရပါတယ်..။
လှေကားတက်သွားပြီးရင် လှေကားရဲ့ အဆုံးမှာတော့ အခန်းကျယ်ကြီး တစ်ခုရှိပြီး ဦးအောင်သောင်းသမီး နေတဲ့ အခန်းဖြစ်ပါတယ်... သားတွေက အိမ်ထောင်ကျသွားလို့ အိမ်ခွဲနေနေကြပြီး လက်ရှိ သမီးဖြစ်သူသာ ကျန်ပါတော့တယ်။ အဲ့ဒီ သူ့သမီးဖြစ်သူဟာ အပေါ်ထပ်မှာနေပြီး သူ့အတွက် အိပ်ခန်း၊ ရေချိုးခန်းနဲ့ အလှပြင်ခန်းတွေကို တစ်ခန်းချင်းဆီ သပ်သပ် လုပ်ပေးထားပါတယ်။ ဘုရားခန်းက တစ်ခုရှိပြီး အခန်းရဲ့ တစ်ဝက်ကျော်ကျော်လောက်ကို ဘုရားခန်း ပြုလုပ်ထားပါတယ်။ အဲ့ဒီဘုရားခန်းကို ဝင်သွားလိုက်တဲ့ အခါ ရုပ်ရှင်ပိတ်ကား တစ်ခုစာလောက်ရှိတဲ့ ပန်းချီကားကြီးတစ်ခုရှိပါတယ်။ ပုဂံရှေးဟောင်းဘုရား၊ စေတီပုထိုးတွေရဲ့ ဆေးရေးပန်းချီးကားဖြစ်ပြီး ဆလိုက်မီးတွေနဲ့ ထိုးထားတဲ့ အတွက် အင်မတန်အသက်ဝင် လှုပ်ရှားနေပါတယ်။ တန်ဘိုး အင်မတန်ကြီးမယ့် ပန်းချီကားကြီးပါ...
ပြီးတော့ အောက်ထပ်ကို ပြန်ဆင်းလာရင် ဧည့်ခန်းရဲ့နောက်မှာ လူနှစ်ရပ် ကျော်ကျော်လောက် ရှိတဲ့ ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ နံရံတစ်ခုရှိပြီး အဲ့ဒီနံရံကို ကျောက်စိမ်းတွေနဲ့ ချည်းပဲ အလှဆင်ထားပါတယ်...။ အဲ့ဒီကျောက်စိမ်းတွေနဲ့ စီထားတဲ့နံရံရဲ့ အောက်မှာ ဦးအောင်သောင်း အပန်းဖြေဖို့ အတွက်ကို Home Theatre တွေ Projector အိမ်တွင်းရုပ်ရှင်ပြတဲ့အခန်း ပေါ့ အထဲမှာ ရုပ်ရှင်နဲ့ ဆိုင်တာတွေ အကုန်ဆင်ထားပါတယ်။ အဲ့ဒီအခန်းဘေးမှာတော့ ဦးအောင်သောင်းနဲ့ ဒေါ်ခင်ရီတို့ အခန်းပါပဲ...။ သူတို့အခန်းရဲ့ နံရံပတ်ချာလည်မှာ အင်မတန်တန်ဘိုးရှိတဲ့ ကျွန်းဘီရိုတွေချည်းပဲ ထားထားပါတယ်။ အခန်းရဲ့ အကျယ်အဝန်းက ရှေ့နောက် ပေ၄၀. အကျယ် ပေ ၂၀လောက်ရှိပါတယ်။ အခန်းရဲ့ အလယ်ကောင်မှာ နှစ်ယောက်အိပ်ကုတင် ရှိပြီး ကုတင်ရဲ့ ခြေရင်းမှာ ကျွန်းဘီရိုတစ်လုံးရှိပါတယ်။ ကြည့်လိုက်ရင် ရိုးရိုး ဘီရိုပေါ့...။ တကယ်တော့ ကျွန်းဘီရိုကို ဖွင့်ပြီးဝင်သွားခဲ့ရင် မြေအောက်ခန်း ကိုဆင်းတဲ့ တံခါးပေါက် ရှိပါတယ်။ အဲ့ဒီမြေအောက်ခန်းကို သွားချင်ရင် အဲ့ဒီကျွန်းဘီရို တံခါးပေါက်ကို ဖွင့်ပြီးဝင်သွားလို့ ရပါတယ်။ နောက်ကုတင်ရဲ့ ညာဘက်ခြမ်းမှာ ရေချိုးခန်းရှိပါတယ်... ရေချိုးခန်းက ရေပူရေအေး စံနစ်ဖြစ်ပြီး တခန်းလုံးကို ကြွေပြားအဖြူတွေ ခင်းထားပါတယ်။ ရေချိုးခန်းထဲမှာ ရေနွေးချိုးခန်း Sauna ပါရှိပါတယ်။ ရေးချိုးခန်းထဲမှာ ရေနွေးစိမ်ချိုးတဲ့ လေးထောင့်စပ်စပ် အဖြူရောင် ရေစိမ်ကန် Bath cap ရှိပြီး သာမာန် ငွေကြေးချမ်းသာတဲ့ ရှိတဲ့သူတွေ သုံးတာထက် ထူးထူးခြားခြား ပိုကြီးနေပါတယ်။ အိမ်ထဲမှာ ဆင်တဲ့ အပြင်အဆင်တွေ အားလုံး ဦးအောင်သောင်းအမိန့်နဲ့ နိုင်ငံခြားကနေ တိုက်ရိုက်သွင်းလာတာလေ..။ ဘယ်ကုမ္ပဏီဆီကမှ ပြန်ပြီး Sponsor လုပ်ပြီး ဝယ်တာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်မှာတာပါ။ အဲ့ဒီ ရေနွေးငွေ့ကန် Sauna တွေပေါ.့.... အစေခံတန်းလျားကတော့ သူ့သမီးတီးတဲ့ စန္ဒယားရဲ့ အနောက်ဘက်က ဝင်သွားရင် မီးဖိုချောင်ရှိတယ်။ အဲ့ဒီ မီးဖိုချောင် ထဲမှာ Micro Wave Oven ကြီးမားတဲ့ နောက်ဆုံးပေါ် ရေခဲသေတ္တာ အကုန်ရှိပြီး အဲ့ဒီမီးဖိုချောင် အပေါ်ထပ်မှာတော့ အစေခံတန်းလျား ရှိပါတယ်။ တစ်အိမ်လုံးကို တန်ဖိုးကြီးတဲ့ Neon ပန်းဆိုင်းတွေ Crystal Light တွေ အကုန်ဆင်ထားပါတယ်။ အင်းစိန်လမ်းမကြီးက လမ်းကြည့်လိုက်ရင် လူနှစ်ရပ်စာ မြင့်တဲ့ ခြံစည်းရိုးနဲ့ အိမ်ကသူ့အိမ်ပါပဲ.. လှိုင်ရတနာမွန် အိမ်ယာထိပ်က ခြံပေါ့။
ဦးအောင်သောင်းကတော် ဒေါ်ခင်ရီ လည်ပင်းမှာ ဆွဲထားတဲ ရွှေဆွဲကြိုးက အတော်ကြီးပြီး လော့ကတ် နေရာမှာတော့ အင်မတန်ကြီးမားတဲ့ ပုလဲလုံးကြီးတစ်လုံးကို ချိတ်ဆွဲထားပါတယ်။
ကိုဒီမိုရေ ဒါကတော့ ကြံ့ဖွတ် စက်မှုဝန်ကြီးအောင်သောင်းရဲ့ နေအိမ်အခြေအနေ အသေးစိတ်ပါ... ကိုဒီမိုရေ ကျွန်တော်တို့ GRW အဖွဲ့ရဲ့ ဒီသတင်းတွေကိုတော့ မှတ်တမ်းတစ်ခု သိမ်းထား စေချင်ပါတယ်။ တိုင်းပြည်မှာ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီရတဲ့ တစ်နေ့ စုံစမ်းစစ်ဆေးလို့ ရအောင်ပါ...။ ဟုတ်မဟုတ်သိချင်ရင် ဦးအောင်သောင်း အိမ်ရောက်ဘူးတဲ့ သူတွေနဲ့ သူ့ဆွေမျိုးတွေ သိမှာပါ... ။ ကျွန်တော်တို့ ဒီသတင်းအချက်အလက်တွေဟာ ဒီပဲယင်းမှာ ကျဆုံးသွားတဲ့ သူတွေ အသက်စွန့်သွားတဲ့ သူတွေ မတရားထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် တန်ပြန် ပေးဆပ်တာပါ. ...။ ကိုယ့်ကိုကိုယ် လုံခြုံလှပြီထင်တဲ့ ဦးအောင်သောင်း သူ့အိမ်အခြေအနေကို လူတစ်ယောက်က သိနေတယ်ဆိုတာ သိရင် ကျေနပ်ပါပြီ...။ အိမ်တွင်းအခြေအနေ ဟုတ်မဟုတ်က ကျွန်တော်ရယ် ဦးအောင်သောင်းရယ် အသိဆုံးပါ...။ တစ်နေ့ ကျွန်တော်တို့ အဖွဲ့ ဘယ်သူတွေဆိုတာ ကြေငြာလို့ ရရင် ကြေငြာပေးပါမယ်။ မြေအောက်မှာပဲ နေနေ မြေပေါ်အထပ် အမြင့်မှာပဲ နေနေ သူ့အကုသိုလ်နဲ့ သေမင်းကို ရှောင်လွှဲလို့ မရပါဘူး.. ရာဇဝတ်ဘေးလည်း ပြေးမလွတ်ပါဘူး....။ ဒီသတင်းနဲ့ ပတ်သတ်ပြီး လေ့လာ စုံစမ်းနိုင်ပါတယ်။ သတင်းအတွက် ကျွန်တော်တို့ GRW မှ တာဝန်ယူပါသည်။ သိစေချင်တာကတော့ ပြည်တွင်းမှာ စစ်အာဏာရှင်တွေကို မကျေနပ်တဲ့ အတွင်းသိတွေ အများကြီးဆိုတာ ပြည်တွင်းပြည်ပ ပြည်သူတွေ သိစေချင်ပါတယ်။
လေးစားလျှက်
GRW
(Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့)
ကျွန်တော်တို့ GRW ကို ဆက်သွယ်ချင်ရင်.. grwwatchers@gmail.com ကိုဆက်သွယ်နိုင်ပါတယ်။
ပြည်တွင်းGRW မှ အတွင်းသိအား ကျေးဇူးတင်ပါသည်။
အထက်ပါ အခြေအနေတွေကို ကြည့်ချင်းအားဖြင့် မြန်မာပြည်က ဝန်ကြီး တစ်ဦးရဲ့ အနေအထား အခြေအနေတွေကို ခန့်မှန်းနိုင်ပါတယ်....။ ဘယ်ကရတဲ့ ဝင်ငွေတွေနဲ့ ဘယ်လို သုံးဖြုန်းနေတယ် ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ဝန်ကြီးလစာ ၁၀သိန်းကျော် နဲ့ ဒီလိုခန့်မှန်းဘို့ မတတ်နိုင်တဲ့ အိမ်တစ်အိမ်ကို ဆောက်မယ် ဆိုရင်တောင် အနှစ် ၁၀၀ ကျော်နဲ့တောင် ဆောက်နိုင်ပါ့မလားပဲ...။ ဒီလိုလူမျိုးတွေက ၂၀၁၀ ရွေးကောက်ပွဲမှာ လွယ်လွယ်နဲ့ အာဏာကို လွဲပြောင်းပေးမပေးဆိုတာ စဉ်းစားကြည့်ကြပါ... ဒီလိုဦးအောင်သောင်းလို လူမျိုးတွေကလည်း လွယ်လွယ်ကူကူ ကိုယ့်သေတွင်းကိုယ်တူးပြီး အာဏာကို လွယ်လွယ်ကူကူ လွှဲပေးနိုင်ပါ့မလား...။ ဒီ၂၀၁၀ ရွေးကောက်ပွဲဟာ ဘယ်သူ့အတွက် လုပ်တာလဲဆိုတာ အားလုံး စဉ်းစား ဆင်ခြင်နိုင်ကြပါတယ်။ ဒါဦးအောင်သောင်း အိမ်ပဲရှိပါသေးတယ်........။ ဒီထက် အဆင့်မြင့်တဲ့ အာဏာရှင်တွေ နေတဲ့ အိမ်တွေ အဆောက်အဦးတွေဆိုရင် ဘယ်လိုနေမယ် ဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။
ဆင်းရဲမွဲတေနေတဲ့ ကျွန်တော်တို့ ပြည်သူတွေ နေထိုင်နေရတာကတော့.... ဦးအောင်သောင်းအိမ် အုတ်တံတိုင်းမှာ ကပ်ထားတဲ့ ကျောက်ပြားတစ်ချပ်ဖိုးလောက်တောင် တန်ဖိုးမရှိတဲ့ အိမ်ရယ်လို့ အမည်နာမသာရှိတဲ့ နေရာမှာ နေနေရတာပါ.....
ဒီမိုဝေယံ
9 comments:
  1. ဒေါ်ခင်၇ီ ကလည်း ရွှေဆွဲ ကြိုးပဲ ဆွဲတာပါ ( ပန်းပင်ေ၇လောင်းချိန် မို့ လို့ နေမှာပေါ့ )
်တော်သေးတာပေါ့ စိန်ဆွဲ ကြိုး မဆွဲတာ
    ပုလဲံ ဘယ်လောက်ကြီးကြီး ကျောက်မျက်ပြတိုက်ထဲ က အကြီးဆုံးပတ္တမြား၇ိုင်းတုံးမှ မဆွဲသေးတာ မုဒိတာ ပွါးပေးလိုက်ပါ
    တော်သေးတာပေါ့  အိမ်တိုင်တွေ ကိုေ၇ွှမချသေးတာ
    စီးဖို့ ကိုတော့  ဒီကနေ ကားအနက်ကိုေ၇ွှေ၇ာင်ကနတ်တွေနဲ့  ဆင်ထားတာပို့ ပေးလိုက်ကြ၇အောင် လေ
    ReplyDelete
  2. In love mother Daw Su
    but
    we should start violent revolution for army gov without Daw Su
    Why we are waiting for death without doing nothing for our next generation
    BUrmese Blood
    ReplyDelete
  3. အခုကသိပ်မရှိသေးလို့ ရွှေမချသေးတာနေမှာပါ
    နောက်ဆိုလူပါရွှေချရင် ချကြမှာပေါ့
    အဲ့လောက်အိမ်အကြီးမှာနေလည်း
    ကျက်သရေရှိမဲ့ရုပ်တွေမဟုတ်ပါဘူး
    နောင်ဘ၀ကျရင် ခွေးဖြစ်တောင်
    အမှီးပါမှာမဟုတ်ဘူး
    ဒီဘ၀မှာရော လူရုပ်ပေါ်လို့လား
    ရွှေတွေစိန်တွေ သိပ်မ၀တ်နဲ့လို့
    အပြင်ထွက်ရင် နွေခေါင်ခေါင်
    မိုးကြိုးပစ်နေအုံးမယ်
    ReplyDelete
  4. ဦးအောင်သောင်း ပိုင်ဆိုင်မှုတွေ ကျန်ပါသေးတယ်ဗျာ
    ဒီမိုဝေယံရေ...
    ပုလိပ်မှာ (၁၅) ဧက ကျယ်ဝန်းတဲ့ခြံကြီးတစ်ခြံလည်း ရှိပါသေးတယ်ဗျာ...
    နောက်ထပ်..ကျောက်ဆည်-ဟံမြင့်မိုရ်ရွာအနီးက အမည် မသိရွာ..(ဟံမြင့်မိုရ်-တောင်ကြီးကားလမ်းဘေးဝဲ၀က်)မှာ (၅)ဧက ခန့်ကျယ်ဝန်းတဲ့ခြံတစ်ခြံ၊ မြန်မာ့ဆေးဝါးနှင့်အိမ်သုံးပစ္စည်းလုပ်ငန်းစက်ရုံ(ကျောက်ဆည်)၊ မင်းစုရွာ အနီးမှလည်း (၅)ဧက ခန့်ကျယ်ဝန်းတဲ့ ခြံတစ်ခြံ ထပ်မံကျန်ရှိပါသေးတယ်..
    ReplyDelete
  5. bath cap မဟုတ်ပါ၊ bathtub ဖြစ်ပါသည်။
    ReplyDelete
  6. ပြန်လှူသင့်ပါသည်
    ReplyDelete
  7. အခုရေးထားတာတွေအကုန်လုံးနီးပါးမှန်ပါတယ်။
    ကျွန်မတို့အိမ်နဲ့လှိုင်ရတာမွန်လုံးချင်းအိမ်ယာဝင်းကမျက်စောင်းထိုးလောက်မှာရှိပါတယ်။
    စိန်ကုန်သည်တယောက်ဆီကကြားရတဲ့သတင်းကတော့
    ဒေါ်ခင်ရီအတွက် ၁ရတီခွဲကိုက်ဖြူပေသန့်ပေဆိုတာရွေးပြီးစိနေအောင်ဆွဲကြိုးလုပ်ပေးရပါတယ်တဲ့ .
    ကြိုးအရှည်က ရင်ဘတ်ကျော်တယ်ပြောပါတယ်။
    အခုခေတ်လူကြီးတွေဝတ်တဲံ့စတိုင်ပါတဲ့။
    သူခြံကြီးကိုတခါ့လောက်တော့လာကြည့်ကျရင်ပိုရှင်းလင်းပါလိမ့်မယ်။
    သူခြံဝင်းထဲ ကားအစင်းရေအစီး၃၀ထက်မနဲတာသေချာပါတယ်။
    ReplyDelete
  8. အောင်သောင်းအိမ်ကောင်းတာလည်း ဟုတ်ပါရဲ့ မောင်ဝေယံရေ...ရွှေကုက္ကို အထူးဒေသက ဒီကေဘီအေ အခုတော့ ဘီဂျီအက်ပေါ့လေ ခေါင်းဆောင် ဗိုလ်ချစ်သူရဲ့ ချစ်သူမြိုင်စံအိမ်လေးများလည်း လာကြည့်ပါဦးလား...အောင်သောင်းလောက်တော့ ပျင်းတောင်ပျင်းသေးတယ်...ပြီးရင် တောကြိုအုံကြားမှာ မျှစ်ချိုးစားနေရပြီး ဟိုမိုင်းဒီမိုင်းတွေကြောင့် ဒုက္ခိတဖြစ်နေရတဲ့ သာမန်ဆင်းရဲသား ကရင်လူမျိုးတွေပုံနဲ့လည်း ယှဉ်ပြကြဦးစို့လား...
    တကယ်တော့ သနားဖို့ကောင်းတာ သာမန်ပြည်သူတွေပါလေ...ဟိုကလိမ် ဒီကလိမ်နဲ့ ကြားထဲကနေ အရည်ထွက်ကုန်ရော
    ReplyDelete
  9. အောင်သောင်းအိမ်လောက်ကတော့ သူ့သားနေအောင်ရဲ့ အေဒီလမ်းနဲ့ပြည်လမ်းထောင့်က
    အိမ်ကြီးကပျင်းတောင်ပျင်းသေးတယ်တဲ့။
    အ၀င်အိမတံခါးမကြီးကို ကွန်ပြူတာထိန်းချုပ်စနစ်မှန်နဲ့တပ်ဆင်ထားပြီး Password နဲ့ မှန်ကို လက်နဲ့ ထိပြီးနံပါတ်တွေရိုက်ထည့်ရတဲ့စနစ်။
    အထဲမှာလည်းထိရက်ကိုင်ရက်စရာမရှိတဲ့ ဇိမ်ခံတွေနဲ့ဆင်ယင်ထားတာပါတဲ့.
    ပြည်သူတွေကတော့ ဆင်းရဲမွဲတေပေါ့ဗျာ
    နိုင်ငံတကာမှာယှဉ်ရင် အဆင်းရဲဆုံးတိုင်းပြည်
    ReplyDelete
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။