Pages

Friday, August 20, 2010

အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ ဗဟန်း မြို့နယ် အမှတ် (၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မောင် ကွယ်လွန်ခြင်း(၆)နှစ်ပြည့် အခမ်းအနား ဓာတ်ပုံမှတ်တမ်း...

အဘဦးကြည်မောင်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..
အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ ဗဟန်း မြို့နယ် အမှတ် (၂) ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း သီရိပျံချီ ဦးကြည်မောင်ကွယ်လွန်ခြင်း(၆)နှစ်ပြည့် အခမ်းအနားကို ယနေ့ မနက်ပိုင်းက တောင်ဒဂုံ ၁၈ ရပ်ကွက်တွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်...။

ဘဘဦးကြည်မောင်ဟာ ၁၉၈၉ - ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ အကျယ်ချုက်နဲ့ အဖမ်း ခံခဲ့ရ ပြီးနောက် အဖွဲ့ချုပ် ယာယီ ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့ပြီး ၁၉၉၀ ကမ္ဘာသိ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲအပြတ်အသတ်ဖြင့် အနိုင်ရအောင် ဦးဆောင်ခဲ့ပြီး ကိုယ်တိုင်လည်း ဗဟန်း မြို့နယ် အမှတ် (၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

၂၀၀၄ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် ခန့်မှာ ရွှေတောင်ကြား (၁) ရပ်ကွက်၊ ကမ္ဘောဇ ရိပ်သာလမ်း နေအိမ် အမှတ် ၂၄ မှာ ကွယ်လွန် ခဲ့ပါသည်။

အမြဲပေးပို့ပေးသူနှင့် ကိုစိုင်းအား ကျေးဇူးတင်ပါသည်။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။