လာမဲ့ (၁၁)လပိုင်းအထိ နေအိမ်အကျယ်ချုပ်ကလွတ်မြောက်နိုင်မှာမဟုတ်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အောင်ဆန်းစုကြည်ကို မပါဝင်နိုင်အောင်ပြုလုပ်ထားတဲ့ နအဖရဲ့ လာမဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိသော စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okada Katsuya ကမနေ့က ပြောဆိုလိုက်ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Okada Katsuyaက "မြန်မာစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး မလွှတ်ပေးဘဲ မစစ်မှန်သော တရားမျှတမှုမရှိသော ရွေးကောက်ပွဲကို တဖတ်သတ် ပြုလုပ်ခဲ့မယ် ဆိုရင် ထွက်ပေါ်လာမယ့်.... ရွေးကောက်ပွဲရလဒ်ကို ကမ္ဘာ့နိုင်ငံအသီးသီးမှ ထောက်ခံလိမ့်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုလိုက်ပါတယ်။ "
ဒါ့အပြင်ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်မြောက်စေပြီး စစ်မှန်တဲ့ပါတီစုံ ရွေးကောက်ပွဲဖြစ်နိုင်ဖို့ ဂျပန်နိုင်ငံရှိ မြန်မာနအဖ သံရုံးမှတဆင့်စာပို့ ထားတယ်လို့ဆိုပါတယ် ။
မြန်မာပြည်တွင်းမှာ ရွေးကောက်ပွဲကို ၁၁လပိုင်း (၇)ရက်နေ့ပြုလုပ်မှာဖြစ်ပြီး... ဒေါ်အောင်ဆန်းစုကြည်ဟာ နအဖရဲ့ မတရား အမှုဆင်ထားတဲ့အတွက် အဲဒီရွေးကောက်ပွဲ ပြုလုပ်ပြီးတဲ့နောက် တပတ်ကျော်ကျော် လောက်မှ လွတ်မြောက်မှာပါ။
သတင်း။ ။ TBS
ကိုဒေါင်းမာန်ဟုန်အား ကျေးဇူးတင်ပါသည်...။

No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။