၂၀၁၀ စက်တင်ဘာလ (၂၀)ရက်။
ဦးဟန်ညောင်ဝေနှင့် Victor Byak Lian တို့သည် ၃၁-၈-၂၀၁၀ နေ့မှ ၂-၉-၂၀၁၀ နေ့အထိ ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့ပြီး၊ အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်ပြီး၊ ဂျပန်နိုင်ငံအစိုးရအဖွဲ့ဝင် ဒုတိယပညာရေးဝန်ကြီးလည်းဖြစ်သူ Masaharu Nakagawa နှင့်လည်းကောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌါန မှတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် လည်းကောင်း လာရောက်တွေ့ဆုံခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံအားပေးရေး လာရောက် ဆွေးနွေးသွားကြောင်း ကြားသိရပါသည်။
ထိုသို့သွားရောက်တွေ့ဆုံရာတွင် ဦးဟန်ညောင်ဝေတို့နှင့်အတူ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့(ဂျပန်) Association of United Nationalities in Japan, AUN (Japan) ရှိ တိုင်းရင်းသားအဖွဲ့အစည်း တချို့မှ တာဝန်ရှိသူများ အတူတကွ လိုက်ပါသွားကြောင်း ခရီးစဉ်ပြီးဆုံးမှ သိခဲ့ရပါသည်။
မိမိတို့ AUN(Japan)အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဒီမိုကရေ စီအဖွဲ့ချုပ်နှင့် ပြည်သူလွတ်တော် ကိုယ်စားပြုကော်မတီတို့၏ မူဝါဒများကို လိုက်နာရန် ဘုံနိုင်ငံရေး ရည်မှန်း ချက်များချမှတ်ပြီး စစ်အာဏာရှင်စံနစ် တိုက်ဖျက်ရေးနှင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး လုပ်ငန်းစဉ်များတွင် တခြားသော ဒီမိုကရေစီအဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပါသည်။
ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသားပါတီများ ပါဝင်သော ပြည်သူ့လွတ်တော်ကိုယ်စားပြု ကော်မတီကပါ စစ်အစိုးရက ကြီးမှူးပြုလုပ်မည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြောင်း အသီးသီး ကြေညာခဲ့ကြပြီး ဖြစ်ပါသည်။ AUN (Japan)ရှိ တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးကလည်း ဤလမ်းစဉ်ကို အကောင်အထည်ဖေါ်ရန် သဘောထားများကို အတိအလင်း အသီးသီး ကြေညာခဲ့ကြပြီး ဖြစ်ပါသည်။
သို့သော်ယခု ဦးဟန်ညောင်ဝေ၏ ခရီးစဉ်သည် AUN-Japan ၏မူဝါဒနှင့်လုံးဝ ကွဲပြားခြားနားနေကြောင်း သိရှိခဲ့ရပေသည်။ သို့ဖြစ်ပါ၍ ယခု ဦးဟန်ညောင်ဝေ၏ စစ်အစိုးရ တရားဝင်ရေးကြိုးပမ်းမှုတွင် AUN (Japan) အနေနှင့်ပါဝင် ပတ်သတ်မှုမရှိကြောင်းနှင့် ယင်း၏လုပ်ရပ်မှာမိမိတို့၏မူဝါဒနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သော လုပ်ရပ်ဖြစ်ပါကြောင်း သဘောထား ထုတ်ပြန်လိုက်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (ဂျပန်)
၂၀၁၀ခုနှစ် စက်တင်ဘာလ (၂၀)ရက်
ဆက်သွယ်ရန်- ၈၁-၈၀ ၂၀၄၈ ၅၈၃၄၊ ၈၁-၈၀ ၂၀၃၄ ၁၈၇၈
ကိုမိုင်ကျော်ဦး http://www.pnsjapan.org/ မှ ကူးယူဖော်ပြပါသည်။

လွဲနေတယ် လာသွားတဲ့ရက်နှင့် ကြေငြာချက်ထုက်ပြန်တာ အရမ်းဝေးနေတာကိုက လွဲနေပြီတခုခု။ နှစ်ဖက်ချွန်တွေရှိနေပြီ။ ဦးဆောင်မှုဆိုင်ရာ လစ်ဟင်းမှု ရှိပြီ။ လုံးဝ လုံးဝ မဖြစ်သင့်ဘူးလို့ထင်မိပါသည်။ အမည်မဖေါ်ရေးတာကို တမျိုးမထင်ပါနဲ့ အမည်ဖေါ်ရေးပြန်ရင်လဲ မဟာမိတ်ပျက်ရလိမ့်မယ်။ ခင်မင်တဲ့ လူတယောက် ဒီမိုကရေစီရေးကို လုပ်နေတဲ့ ရဲဘော်တယောက်ရေးတာပါ။
ReplyDeleteလေးစားသင့်သူကို လေးစားလျှက်
ကီးဘုတ်
Hay! That is one way approach to change in Burma. What would you do if you only boycott the election and always shouting anti-regime slogans? Please learn your past experience. What benefit and prospect have you gotten? Please understand to enter the election is not support to regime and regime is now worry about to get full support ballot nation wide. Sometime, we need to use multiple tactics.
ReplyDelete