Pages

Saturday, October 2, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ ဘဘဦးတင်ဦး မျက်စိအခြေအနေ ပြန်လည် ကောင်းမွန်လာသဖြင့် ယနေ့ ဆေးရုံမှ ဆင်းခွင့်ပြု..

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒု)ဥက္ကဋ္ဌ ဘဘဦးတင်ဦးဟာ Tang Tock Seng ဆေးရုံမှ မျက်စိအိမ်အတွင်းမှ သွေးခဲများအား အောင်မြင်စွာ ဖယ်ရှားခွဲစိတ်ပြီး စိုးရိမ်စရာ မရှိတော့တဲ့ အတွက် ယနေ့နေ့လည် (၁)နာရီခွဲမှ ဆင်းရုံခွင့်ရရှိခဲ့ပါတယ်... လာမည့်တနင်္လာနေ့ ၁၁ရက်နေ့မှာ မျက်စိအခြေအနေအား ဆရာဝန်မှ ထပ်မံစမ်းသပ် စစ်ဆေးပြီး အခြေအနေအလုံးစုံ ကောင်းမွန်ပါက မြန်မာပြည်သို့ ပြန်ခွင့်ပြုမှာ ဖြစ်ပါတယ်..

စင်ကာပူဆေးရုံ၌ မြန်မာဆရာဝန်များ၏ ကြိုးပမ်းကုသမှု၊ အပြည်ပြည်ဆိုင်ရာမှ စိတ်အား၊လူအားဖြင့် မေးမြန်းစုံစမ်း အားပေးမှုများအား ဘဘဦးတင်ဦးမှာ အထူးကျေးဇူးတင်ကြောင်း ဆိုပါတယ်.. အသက်(၈၃)နှစ် ရှိပြီဖြစ်တဲ့ ဘဘဦးတင်ဦးဟာ Physically နဲ့ Mentally အထူးကြံ့ခိုင် ကျန်းမာလျှက်ရှိပါတယ်..

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။