Pages

Monday, October 4, 2010

ခွေးခြင်္သေ့....

ခွေးခြင်္သေ့

မောင်စိန်ဝင်း(ပုတီးကုန်း)


ခြင်္သေ့ဆိုလျှင်၊ တောဘုရင်မို့၊

လည်မျှင်ဆံဖွား၊ ဖားလျားလျားနှင့်၊

သားကောင်အပေါင်း၊ ခညောင်းရွံ့ကြောက်၊

လေးစားလောက်သည့်၊ သတ္တိနှင့်မာန်၊

ခြင်္သေ့ဟန်ဖြင့်၊ တဝင့်ဝင့်မို့၊

ရဲရင့်ခြင်းအတွက်၊ စံတင်တယ်။


ခွေးဆိုလည်းခွေး၊

အယ်လ်ဇေးရှင်း၊ အင်းခွေး ဗမာခွေး၊

ဘာခွေးဖြစ်ဖြစ်၊ ခွေးအစစ်မို့၊

ခွေးဖြစ်ရတာ၊ ဂုဏ်ရှိပါတယ်

သစ္စာစောင့်တတ်၊ ဗီဇဓာတ်ကြောင့်

မှတ်ကျောက်တင်လို့ရနိုင်မယ်။


ခြင်္သေ့မစစ်၊ ခွေးမစစ်နဲ့၊

ဇာစ်မြစ်မမှန်၊ လည်ဆံမဖွာ၊

မာန်ပါပါဟိန်းဟောက်ပေမယ့်

ရွံ့လောက်စရာ၊ ဟန်မပါဟန်မပြည့်

မာန်ဗလာ မာန်မရှိလို့ …

“သတ္တိ” “သစ္စာ” ဘယ်အရာမှစံမဝင်

သဏ္ဌာန်ဆင်ရုံလေးနဲ့

သွေးကြွလို့မြောက်ပေမယ့်

(တကယ်တော့ …)

ခွေးဘဝလောက်ဂုဏ်မရှိ။


ဘလော့ခ်ဂါ အလင်းဆက်

၂. အောက်တိုဘာလ. ၂၀၁၀

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။