Pages

Monday, October 18, 2010

နအဖစစ်အာဏာရှင်တွေရဲ့ အကျဉ်းထောင်ထဲမှာ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့ မင်းကိုနိုင်ရဲ့ (၄၈) နှစ်မြောက်မွေးနေ့ပွဲနဲ့ လွတ်မြောက်ရေး တောင်းဆိုပွဲ ...

ကိုမင်းကိုနိုင်ရဲ့မွေးနေ့ပွဲ


တပါတီအာဏာရှင်စနစ်ကို တော်လှန်ဖြုတ်ချနိုင်ခဲ့တဲ့ ရှစ်လေးလုံးမြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကြီးရဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားထုရဲ့ခေါင်းဆောင် မင်းကိုနိုင်ဟာ အောက်တိုဘာ (၁၈) ရက်ဆိုရင် (၄၈) နှစ်ပြည့်ပါပြီ။ ကျွန်တော်တို့ပြည်သူတွေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပြန်လည်ရရှိစေဖို့ တန်ဖိုးရှိတဲ့ လူငယ်ဘဝရဲ့အချိန်တွေကို ရင်းနှီးပေးဆပ်ရင်း ဒီနေ့ထိတိုင်အောင် စစ်အာဏာရှင်တွေကို တော်လှန်တိုက်ခိုက်နေဆဲဖြစ်တဲ့ မင်းကိုနိုင်ရဲ့မွေးနေ့ပွဲကို နွေးထွေး လှိုက်လှဲစွာနဲ့ ဂုဏ်ပြုကျင်းပချင်ပါတယ်။

မင်းကိုနိုင်ရဲ့မွေးနေ့ကို ဂုဏ်ပြုခြင်းဟာ ကျောင်းသားထုကိုဂုဏ်ပြုခြင်းပါပဲ။ မင်းကိုနိုင်ရဲ့ လွတ်လပ်ခွင့်ကို တောင်းဆိုခြင်းဟာ ကျောင်းသားထုရဲ့ လွတ်လပ်ခွင့်ကို တောင်းဆိုခြင်း ဖြစ်သလို ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို တောင်းဆိုခြင်းလဲ ဖြစ်ပါတယ်။

မင်းကိုနိုင်ရဲ့ လုပ်ဆောင်ချက်တွေဟာ ကျောင်းသားထုရဲ့ လုပ်ဆောင်မှု ဖြစ်သလို ပြည်သူလူထုရဲ့ လုပ်ဆောင်မှုလဲဖြစ်ပါ တယ်။ မင်းကိုနိုင်ရဲ့ပြောစကားတွေဟာ ကျောင်းသားထုရဲ့စကားဖြစ်သလို ပြည်သူတွေရဲ့ အသံလဲဖြစ်ပါတယ်။ မင်းကိုနိုင်ဟာ ကျောင်းသားထုရဲ့ ပုံရိပ်ဖြစ်သလို ပြည်သူတွေရဲ့ ပုံရိပ်လဲဖြစ်နေပြန်ပါတယ်။

မြန်မာပြည်မှာ စစ်အာဏာရှင်နဲ့ စစ်အာဏာရှင်စနစ်ရှိနေသရွေ့ မင်းကိုနိုင်ဆိုတာရှိနေဦးမှာဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရှိနေသရွေ့ မင်းကိုနိုင်ကို ဖမ်းဆီးရက်စက်နေကြဦးမှာပါ။ စစ်အာဏာရှင်တွေရှိနေသရွေ့ မင်းကိုနိုင်ဟာ ခွပ်ဒေါင်းအလံကို အမြင့်မားဆုံးလွှင့်ထူဆွဲကိုင်ရင်း ပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေဦး မှာဖြစ်ပါတယ်။ မင်းကိုနိုင် မလွတ်လပ်ခြင်းဟာ ကျွန်တော်တို့ ပြည်သူတွေ အားလုံးမလွတ်လပ်ခြင်းပါပဲ။

နအဖစစ်အာဏာရှင်တွေရဲ့ အကျဉ်းထောင်ထဲမှာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မင်းကိုနိုင်ရဲ့ (၄၈) နှစ်မြောက်မွေးနေ့ပွဲနဲ့ လွတ်မြောက်ရေးတောင်းဆိုပွဲကို ကျောင်းသားတွေကိုကြောက်တဲ့ နအဖစစ်အုပ်စုရဲ့ လက်ပါးစေ မြန်မာသံရုံးရှေ့မှာ ဝင့်ဝင့်ထည်ထည် ကျင်းပပြုလုပ်မှာ ဖြစ်တဲ့အတွက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ကို ချစ်ခင်လေးစားသော မြန်မာပြည်သူများ တက်ရောက်နိုင်ရန် သတင်းပါးလိုက်ပါတယ်။


နေ့ရက်။ ။၁၈.၁၀.၂၀၁၀ (တနင်္လာနေ့)
အချိန် ။ ။၁၅း၀၀-၁၆း၀၀
နေရာ ။ ။မြန်မာစစ်အခွန်ရုံးရှေ့
ရှိနာဂါဝ ၊ တိုကျို။

ဗကသ (နိုင်ငံခြားရေးရာကော်မတီ)

3 comments:

  1. ဒကာကြီး ကိုမင်းကိုနိုင် လေးဆယ့်ရှစ်နှစ်မှသည် နောင်နှစ်ပေါင်းများ စွာ ပြည်သူအကျိုး အမျိုးဘာသာ သာသနာအကျိုး တိုင်းပြည်အကျိုး တို့ကိုဒိထက်အဆပေါင်းများစွာကျန်းကျန်းမာမာချမ်းချမ်းသာနဲ့ဆောင်ရွက်ထမ်းဆောင်ပါစေ အသက်တော်ရာကျော်ရှည်ပါစေ..အကျဉ်းကြခံထောင်တွင်းမှအမြန်ဆုးံလွတ်
    မြောက်နိုင်ပါစေ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပါစေ
    စက်တင်ဘာဦးနေမိန္ဒ

    ReplyDelete
  2. တိုင်းပြည်အကျိုး ပြည်သူအကျိုးကိုရွက်သည်ဆောင်ရွက်ပေးနေသောကိုမင်းကိုနိုင် အမှောင်ကိုခွင်းပြီးအလင်းကိုဆောင်ကျဉ်းပေးနေသောကိုမင်းကိုနိုင် နောင်နှစ်ပေါင်းမြောက်များစွာအောင်သက်တော်ရာကျော်ရှည်ပါစေ
    အမှန်တရားကို နှစ်သက်သော ကိုရင်

    ReplyDelete
  3. I feel that if he still remain in prison i don't want want him to suffer there for so long. Think about it. we want him to live longer for our nation but how about him!!! we let him suffer!! Try to bring ou solution for all of us.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။