Pages

Wednesday, October 20, 2010

ဂျပန်နိုင်ငံရှိ မြန်မာသံရုံးသို့ လူဦးရေ ၉၀ ကျော် ဝင်ရောက် ကြိုတင်မဲပေး...

ဓာတ်ပုံ အကိုကြီး ကိုသန်းဝင်း
သတင်း ဖြိုးဝေMMP
နိုဝင်ဘာလ၊ ၇ ရက်နေ့တွင်ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ဂျပန်နိုင်ငံရှိ မြန်မာသံရုံးသို့ လူဦးရေ ၉၀ ကျော် ဝင်ရောက် ကြိုတင်မဲပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ မဲပေးခွင့် ရသူများမှာ စစ်အုပ်စု၏ ထောက်ပံ့မှုများဖြင့် ဂျပန်နိုင်ငံသို့ ရောက်ရှိလာကြသူများဖြစ်ကြောင်း၊ မဲပေးခဲ့သူများ အနေဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အဓိကထား လာရောက်မဲပေးကြ ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဂျပန်နိုင်ငံရှိ မြန်မာသံရုံးမှ မကြာသေးမီက အောက်တိုဘာလ၊ ၁၉ ရက်၊ အင်္ဂါနေ့တွင် ကြိုတင်ဆန္ဒမဲ လာရောက်ပေးကြရန် ဖိတ်စာများပို့ပေးခဲ့သည်။ ကြိုတင်မဲပေးခွင့် မရတာနဲ့ ပတ်သတ်ပြီး “ဖိတ်စာတွေသံရုံးက လူတိုင်းကို မပို့ပေးဖူး၊ ဂျပန်နိုင်ငံကို ရောက်ရှိကြောင်း သံရုံးကို လာသတင်းပေးသူတွေပဲ လက်ခံရတယ်။ မြန်မာပြည်သူ အများစုကလည်း အစိုးရနဲ့ ဝေးဝေးနေချင်ကြတယ်လေ ဖြစ်နိုင်ရင်မပတ်သတ်ချင်ကြဖူး၊ အဲဒီတော့ သံရုံးကို သတင်းပို့တာတွေ ဘာတွေလုပ်မနေတော့ဖူးပေါ့ဗျာ၊ ဒါကြောင့် မဲပေးခွင့်မရတာ လိုထင်ပါတယ်”ဟု လာရောက်မဲပေးသူ တစ်ဦးက ရှင်းပြသည်။ သံရုံးသို့ ရောက်ရှိ သတင်းပေးခြင်း အခွန်ဆောင်ခြင်းများ မပျက်မကွပ် ပြုလုပ်နေသူများထံသို့ပင် ဖိတ်စာများ မရောက်ရှိကြောင်း စစ်အုပ်စု အသိုင်း အဝိုင်း နှင့် နီးစပ်သူများကို သာ ဖိတ်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြိုတင်မဲဆန္ဒပေးသူများအား ဂျပန်ရောက် ဒီမိုကရေစီလိုလူသူများနှင့် မြန်မာကျောင်းသား/ကျောင်းသူများ သွာရောက်ဆန္ဒပြကန့်ကွက်ခဲ့ကြပါသည်။ “ပြည်သူလူထုကို ကိုယ်စားမပြုတဲ့၊ ပြည်သူလူထု ဆန္ဒမပါပဲ ပြုလုပ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပေါ်မူတည်ပြီး ကျင်းပ ပြုလုပ်မယ့် ရွေးကောက်ပွဲ ဖြစ်တာကြောင့် လုံးဝ ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒလာပြတာပါ”ဟု ဒီမိုကရေစီလိုလားသူ ကိုထွန်းဦးမှ ပြောပြသွားပါသည်။ ဆန္ဒပြပွဲကို မနက် ၈း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

စစ်အုပ်စုအနေဖြင့် မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် ဆောင်ရွက်သွားမှာဖြစ်သလို ရွေးကောက်ပွဲ အား နိုင်ငံတကာမှ စောင့်ကြည့်ပုဂ္ဂိုလ်များ နှင့် လေ့လာသူများ ကို ခွင့်ပြုမည် မဟုတ်ကြောင်း စစ်အုပ်စု၏ သတင်းစာများတွင် ဖော်ပြထားသည်။

http://www.burmacampaign.net/

3 comments:

  1. ဖိတ်စာကို ပထမတစ်ခါကြိုတင်မဲ ပေးဖို့ ဖြည့်ထားတဲ့သူတွေ ကိုပဲ ပို့ ပေးပါတယ်။။။သံရုံးက စီစဉ်ပုံ ညံ့ ချက်ကတော့ သံရုံးကို ပြန်သွားကြောင်း သတင်းပို့ ပြီးသား လူနာမည်တွေနဲ့  ဖိတ်စာတွေရောက်လို့ရောက်........
    အများစုကတော့ ဖိတ်စာရောက်ပေမယ့် လည်း မသွားကြတော့ပါဘူး

    သံရုံးရဲ့ စိတ်ထားကလည်း မလာလေကောင်းလေသဘောထားမျိုးမှာရှိပါတယ်။

    မလာလို့ ရမလားမေးတော့လည်း သူတို့ ပြောပိုင်ခွင့် မရှိဘူးလို့ ဖြေပါတယ်.....


    နိုင်ငံသားတိုင်း( ကျောင်းသား၊ နိုင်ငံေ၇းခံယူထားသူများ၊ တရားမ၀င်နေထိုင်သူများ၊ အခွန်ဆောင်သူများ) မြန်မာနိုင်ငံသား ဖြစ်သူအားလုံး တန်းတူညီမျှ မဲပေးနိုင်ခွင့် လုပ်မပေးနိုင်သော တရားမျှတမှု့ မရှိသော ဤပွဲအား အသိအမှတ်မပြုပါသောကြောင့်  စိတ်မ၀င်စားတော့ပါ .....



း)

    ReplyDelete
  2. သြော် တော်တော်တော့ခက်နေပြီးထင်တယ်နော် ဂျပန်နိုင်ငံရောက်နေတာတောင် ဒီနွားထက်ဆိုးတဲ့ နအဖ ကိုများ အာဏာ
    သက်တမ်းရှည်အောင်သွားပြီးတော့ထောက်ခံမဲပေးသေးတာ အရက်သမားဘိန်းသမား လမ်းဘေးကကလေကချေတွေကို စုစည်းပြီးတည်ထောင်ထားတဲ့ကြံ့ဖွတ်ကိုများထောက်ခံမဲပေးတာ အဲဒိကြံ့ဖွတ်အဖွဲ့ကို ဦးဆောင်တဲ့ လူကလည်း နွားစိတ်ရှိတဲ့လူ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့ နွား ထက်ဆိုးတဲ့လူဗျ သေနတ်အားကိုးပြီး ပြည်သူကိုသတ်ဖြတ်ဖမ်းဆီး နေတဲ့နွားအဖ တွေဗျ ဂျပန်ရောက်နေတာတောင်အမှန်တရား ဘက်ကမရပ်တည်ရဲဘူး ပြည်တွင်း ပြည်သူ့အရေးကိုလုပ်နေတဲ့ အမှန်တရားအတွက်အလုပ်လုပ်နေတဲ့အမှန်တရားအတွက်ထောင်ထဲမယ်ကြနေတဲ့လူတွေရဲ့မျက်နှာလေးတွေကိုမြင်ယောင်ကြည့်ပေးပါဦးဗျာ...

    ReplyDelete
  3. မဟုတ်သေးပါဘူးဗျာ ဂျပန်ရောက်နေတာတောင် အမှန်တရားဘက်ကမရပ်တည်ရဲသေးဘူး ပြည်တွင်းမှာ အမှန်တရားအတွက်
    တိုက်ပွဲဝင်နေတဲ့ ကျောင်းသားဘုန်းကြီးပြည်သူတွေရဲ့မျက်နှာတွေကိုနဲနဲလောက်
    တော့ငဲ့ကြည့်ပါဦးဗျာ အမှန်တရားတွေကိုမလုပ်ရဲချင်နေပါ အမှားတွေကိုတော့
    သွားအားမပေးမိပါစေနဲ့...
    စက်တင်ဘာဦးနေမိန္ဒ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။