Pages

Wednesday, November 3, 2010

မဲမပေးရေးလှုပ်ရှားမှုတွင် ဦးဆောင်လှုပ်ရှားနေသူ တစ်ဦးဖြစ်သည့် အဖွဲ့ချုပ် တောင်ဒဂုံမြို့နယ် မြို့နယ်စည်း ကိုအေးသွင် အဖမ်းဆီးခံရ..

ပြီးခဲ့တဲ့ အောက်တိုဘာ (၃၁)ရက်နေ့က တောင်ဒဂုံမြို့နယ်မှာ အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင်များ တားဆီးခံနေရပုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များရဲ့ မေးမပေးရေးလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်လှုပ်ရှားနေသူ တစ်ဦးဖြစ်သည့် တောင်ဒဂုံမြို့နယ် မြို့နယ်စည်း ကိုအေးသွင် အားယနေ့ မနက် (၁၀)နာရီက အာဏာပိုင်များက နေအိမ်သို့ လာရောက်ဖမ်းဆီးခေါ်ဆောင် သွားကြောင်း မဲမပေးရေးလှုပ်ရှားမှုတွေ ဦးဆောင်ပါဝင်နေတဲ့ လူငယ် အဖွဲ့ဝင် တစ်ဦးမှ ဆိုပါတယ်..

ဒီနေ့မနက် (၁၀)နာရီလောက်ကပေါ့.. တောင်ဒဂုံမြို့နယ် မြို့နယ်စည်း ကိုအေးသွင်ကို အာဏာပိုင်တွေက နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်...။ Digital ကင်မရာနဲ့ မဲမပေးရေးလှုပ်ရှားမှု လက်ကမ်းစာရွက်တွေ ပါသိမ်းသွားပါတယ်..။ ဆွေးနွေးစရာရှိလို့ဆိုပြီး ခေါ်ဆောင်သွားတာပါ.. ဒီလိုအဖမ်းအဆီးတွေ တားမြစ်မှုတွေ စောင့်ကြည့် ထောက်လှမ်းမှုတွေ ရှိနေပေမယ့် ..ကျွန်တော်တို့ အနေနဲ့ မိမိလုပ်စရာရှိတာတွေကို ဥပဒေဘောင်အတွင်းက အရှိန်ဟုန် မြှင့်ပြီး ဆက်လက်လုပ်ဆောင်သွားမှာပါဟု .. ပြောဆိုသွားပါတယ်..။

လာမည့် နိုဝင်ဘာလ (၇)ရက်နေ့မှာ ကျင်းပမယ့် စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သပိတ်မှောက်သည့် အနေဖြင့် မဲဆန္ဒရှင် ပြည်သူများအား ဥပဒေအရ မဲမပေးပဲနေနိုင်ခွင့်ရှိကြောင်း လှုပ်ရှားမှုများနှင့် ဆန်ကျင်သပိတ်မှောက်သည့် လှုပ်ရှားမှုများ နေရာအနှံမှာ ပြုလုပ်လျှက်ရှိပါတယ်...။

ရုပ်သံ Burma Today

သတင်း.. ဒီမိုဝေယံ

1 comment:

  1. ဒါလားကွ တရားမျှတတဲ့ နိုင်ငံတော်သစ်ဆီသို့ဆိုတာ ဥပဒေနဲ့အညီ ပြည်သူတွေမသိသေးတာကိုသိအောင်ပြောပြတာ ကိုဖမ်းတယ်ဆိုတောု့အဲဒိလိုလူတွေက လွတ်လပ်တရားမျှတတဲ့နိုင်ငံတော်သစ်ဆီသို့ဆိုတာ ယုံနိုင်စရာအကြောင်း လုးံဝမရှိဘူးဆိုတာ သက်သေပြစရာအထောက်အထားတွေအများကြီးပါ ကြံ့ဖွတ်ကြတော့ ထင်တိုင်းလုပ်ပိုင်းခွင့်တွေပေးထားသလို ဥပဒေနဲ့မညီတဲ့လုပ်ရပ်ပေါင်းမြောက်များစွာကိုလည်း လုပ်နေတာအားလုးံအသိပါ အားလုးံအမြင်ပါ
    ပြည်သူတိုင်းက ကိုယ်ကြိုက်တဲ့ လူ(ပါတီ) ကိုလွတ်လွတ်လပ်လပ်ရွေးချယ်
    တင်မြှောက်ခွင့်ရှိသလို ကိုယ်မကြိုက်တဲ့ လူ(ပါတီ) မပါခဲ့ရင်လည်း မဲမပေးဘဲ
    နေနိုင်ခွင့်ရှိတယ်ဆိုတဲ့အကြောင်း ပြည်သူကို ပြည်သူတွေသိအောင် ပြောပြ
    တာကို အပြစ်လို့ယူဆပြီးတော့အခုအချိန်ကတည်းဖမ်းဆီနေတာဆိုတော့ နောင်များဆိုရင်တော့ ဒိထက်ကိုပေါ်တင်ဆိုးသွမ်းလာတော့မယ်ဆိုတာ တွေးတောင်မတွေးဝံ့တော့ပါဘူး မြန်မာနိုင်ငံမှာမှီတင်းနေထိုင်ကြတဲ့ ရဟန်းရှင်လူပြည်သူအပေါင်းတို့ရေ
    လုးံဝတရားမမျှတတဲ့ ခွေးကောက်ရွေးချယ်တင်မြှောက်ပွဲအားအားလုးံတက်ညီလက်ညီနဲ့ မဲမပေးဘဲနေပြီးတော့ဝိုင်းဝန်းကန့်ကွက်ဆန္ဒပြကြစို့..
    စက်တင်ဘာဦးနေမိန္ဒ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။