Pages

Tuesday, November 2, 2010

တပ်မတော် ပေါက်တူးရှိမှ တိုင်းပြည် ဂေါ်ပြားရှိမည်....

Liar Myanmar
အောက်တိုဘာလ ၂၉ရက်နေ့ နအဖ ကြေးမှုန် သတင်းစာပါ ဖွံဖြိုးတိုးတက်လာသော ပြည်တွင်း ပြည်ပ ရေကြောင်း လေကြောင်းပို့ဆောင်ရေး.. တဲ့
နအဖအတင်းစာရဲ့ ဖော်လံဖား ပြောလို့ ရေးလို့မှ မဆုံးသေးခင်မှာပဲ လေယာဉ်မယ်တွေ ပြောဆိုနေကြအတိုင်း ပြောရရင် " ကျွန်မတို့ရဲ့ Thai Air Bus A-300 လေယာဉ်ကြီးဟာ ခေတ်မှီ မင်္ဂလာဒုံလေဆိပ်ကြီးကို ဆိုက်ရောက်လာပါပြီ"...
ဘာမှ မကြာခင်မှာပဲ လေယာဉ် ပြေးလမ်းပေါ်က လမ်းချော်ပြီး ကျွံကျပါတော့တယ်.. news-eleven ဂျာနယ် မှာ ဖော်ပြ ပါရှိတာ ကတော့ ပြည်တွင်းလေကြောင်းလိုင်းတစ်ခုမှ ၀ါရင့်လေယာဉ်မှူးကြီး တစ်ဦးကလည်း "ဒီဖြစ်ရပ်ကိုကြည့်ရင် လေယာဉ်မှူးပေါ့ဆတာလည်း ပါပါတယ်။ နောက်တစ်ခုက Taxi Way ကိုအသုံးပြုခဲ့တဲ့နှစ်က အရမ်းကြာနေပါပြီ။ ကျွန်တော် လေယာဉ် စမောင်းချိန် ၁၉၇၆ခုနှစ် မတိုင်ကတည်းက သုံးနေခဲ့တာလို့သိရပါတယ်။ ဒီတော့ လေယာဉ်သွားလမ်းအနေအထားရယ်၊ လေယာဉ်မှူး ပေါ့ဆမှုရယ်စသဖြင့် အချက်တွေ အများကြီးစုံ သွားလို့ဖြစ်နိုင်တာပါပဲ"ဟု သုံးသပ်ပြောကြားခဲ့သည်။
Taxi Wayက သိပ်မကြာသေးပါဘူး ၃၄နှစ်ကျော်ပဲ ရှိပါသေးတယ်..။
တခြားနိုင်ငံတွေမှာလို Ambulance တွေ မီးသတ်ကားတွေမမြင်ရပဲ ..ဒီကိစ္စကို ဖြေရှင်းဘို့အတွက် နအဖခေတ် ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံမှာတော့ ဆင်ဖမ်းမယ် မြင်ဖမ်းမယ်ဆိုပြီး ....

နောက်ဆုံး အထက်က ညွှန်ကြားတဲ့ အတိုင်း ဖြေရှင်းလိုက်တာကတော့ တပ်မတော် ပေါက်တူးရှိမှ တိုင်းပြည် ဂေါ်ပြားရှိမည် ဆိုတဲ့ ပေါ်လစီသီချင်းအတိုင်းပဲ ဒီလောက်တော့ ပျင်းတောင် ပျင်းသေးတယ်တဲ့...

နောက်နေ့ သတင်းစာရှင်းလင်းပွဲမှာတော့ မိမိတို့ တပ်မတော် အစိုးရလက်ထက် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်နေတာကို မနာလို မရှူစိမ့်တဲ့ ပြည်တွင်း ပြည်ပအတိုက်အခံ အင်အားစုတွေရဲ့ လက်ချက်ကြောင့် လေယာဉ် ပြေးလမ်းချော် ခဲ့ရပြီး .. စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်တဲ့ နိုင်ငံကြီးတစ်ချို့ကြောင့် ပေါက်တူး၊ ပေါက်ပြားသာ အသုံးပြုလိုက်ရပါကြောင်း.....

ဒီမိုဝေယံ

4 comments:

  1. ကျနော်ဘာရေးရမှန်တောင်မသိတော့ဘူးဗျား၊တယောက်ထဲတအားရည်မိတော့ မိန်မကရူးနေလာလို့မေးနေလို့ပါ။ဒီဓါတ်ပုံတွေကိုတအားသဘောကျ လို့ဒီလိုအံ့ဖွယ်ဓါတ်ပုံတွေပို့ပေးတဲ့သူကိုအထူကျေဇူးတင်ပါတယ်

    ReplyDelete
  2. ဒါလားကွ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ချီတက်နေပြီးဆိုတာ ဗိုလ်ချုပ်ပြောသလိုပြောရရင် ဒင်းတို့စောက်ကျင့်တွေပြင်ကြ ..ပြင်ရုးံနဲ့တင်လည်းမရတော့ပါဘူး စောစောစီးစီးကိုယ့်ကိုယ်သတ်သေထားရင်အကောင်းဆုးံဖြစ်ပါလိမ့်မယ် မကြာမှီ မင်းတို့ကို ပြည်သူကကြိုးစင်တင်ပေးလိမ့်မယ် ကိုယ့်သေတွင်းကိုယ်တူးထားကြတော့ နွားအဖ တို့ရေ..ယနေ့ပြည်သူကမအတော့ဘူး အရင်လို.
    စက်တင်ဘာဦးနေမိန္ဒ

    ReplyDelete
  3. ကြည့်၇တာတော်တော်၇ီစ၇ာကောင်းတယ်ဟီဟိ

    ReplyDelete
  4. မှတ်မိပါသေး၇ဲ. - ဗိုလ်နေ၀င်းခေတ်ကပေါ့။ အစိုး၇ရုပ်ရှင်သတင်းကားပြနေတာမှာ ပြခန်းက လှိုင်ဖက်က ချည်ထည်စက်ရုံ မှာချည်ထည်ထုတ်လုပ်နေပုံတွေပေါ့။ narrator က ရွှန်းရွှန်းဝေအောင် ပြောနေ၇ာကနေ.. အစိုး၇က အောင်မြင်နေသော စက်မှုလုပ်ငန်းဌာန၇ဲ. ဤချည်စက်ရုံမှာ ယခု၇ဲ.သို. ချည်ထည်များကို ခေတ်မှီစက်လက်နက်များဖြင့် ဖြတ်ကြပါတယ်.. လို.။ ..ပြထားတဲ့ပုံက .. လုပ်သားများက လက်နဲ. ကပ်ကျီး နဲ.အား၇ပါး၇ဖြတ်နေကြတာလေ။ ရုပ်ရှင်ရုံတရုံလုံး အုံးင်္အုးကြွက်ကြွက် ရီလိုက်ကြ၇တာ။ နှစ်၅၀ ကြာ့ပီးတော့ - ကိုရွှေစစ်အစိုး၇က air bus ဘီးနွံနစ်သည်ကို ဖွံ.ဖြိုးတိုးတက်လျက်ရှိသော ခေတ်မှီေ၈ါ်ပြား စက်ပစ္စည်းများ နဲ.ဖြေရှင်းနေပုံ ဟု ကမ္ဘာကိုကြွားကောင်းနေတုံးပါဘဲကလား ...

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။